အကျွန်ုပ်တို့အားလုံးသည် ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြပါ၏။ အကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ကြပါ၏။ သခင့်အစေအပါးအကျွန်ုပ်တို့သည် သူလျှိုမဟုတ်ပါ”ဟု ယောသပ်အားလျှောက်ကြ၏။
ကမ္ဘာဦး 42:12 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယောသပ်က သူတို့အား “မဟုတ်ပါ။ သင်တို့သည် ဤပြည်၏အားနည်းချက်ကိုစူးစမ်းရန် ရောက်လာကြခြင်းဖြစ်၏”ဟု ဆို၏။ Common Language Bible ယောသပ်ကလည်း``သင်တို့သည်ရိုးသားသူများ မဟုတ်။ တိုင်းပြည်၏အားနည်းချက်ကိုထောက် လှမ်းရန်လာသူများဖြစ်ကြသည်'' ဟုတစ်ဖန် စွပ်စွဲပြန်၏။ Garrad Bible ထို သို့ မ ဟုတ်၊ ပြည် တော် ၌ ပါး သော နေ ရာ ကို ချောင်း ကြည့် ရန် ရောက် လာ ကြ သည် ဟု ယော သပ် ပြန် ဆို သော်၊ Judson Bible ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှာ လာကြပြီဟုဆိုပြန်၏။ |
အကျွန်ုပ်တို့အားလုံးသည် ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြပါ၏။ အကျွန်ုပ်တို့သည် ရိုးသားသောသူများဖြစ်ကြပါ၏။ သခင့်အစေအပါးအကျွန်ုပ်တို့သည် သူလျှိုမဟုတ်ပါ”ဟု ယောသပ်အားလျှောက်ကြ၏။
ထိုအခါ သူတို့က “သခင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ခါနာန်ပြည်က ဖခင်တစ်ဦးတည်း၏သားများဖြစ်ကြ၍ ညီအစ်ကိုတစ်ဆယ့်နှစ်ယောက်ရှိပါ၏။ အငယ်ဆုံးသည် ယခု အကျွန်ုပ်တို့ဖခင်နှင့်အတူနေခဲ့ပါ၏။ ကျန်တစ်ယောက်ကား မရှိတော့ပါ”ဟု လျှောက်ကြ၏။
သင်တို့သည် ဤသို့စစ်ဆေးခြင်းခံရမည်။ ဖာရောမင်းကြီးအသက်ရှင်သည်နှင့်အညီ သင်တို့၏အငယ်ဆုံးညီသည် ဤအရပ်သို့မရောက်လာလျှင် သင်တို့သည် ဤအရပ်မှမထွက်သွားရ။
နေရ၏သား အာဗနာအကြောင်းကို အရှင်သိပါ၏။ အရှင့်ကိုလှည့်စားရန်အတွက်၊ အရှင်ဝင်ထွက်သွားလာသမျှ၊ လုပ်ဆောင်သမျှတို့ကိုသိရှိရန်အတွက် ရောက်လာခြင်းသာဖြစ်၏”ဟု လျှောက်လေ၏။