La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ကမ္ဘာ​ဦး 40:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ကြောင့် ထို​မင်းမှုထမ်း​တို့​ကို ယောသပ်​အချုပ်အနှောင်​ခံ​ရာ​အကျဉ်းထောင်​ဖြစ်​သည့် ကိုယ်ရံတော်မှူး​အိမ်​၌ အကျဉ်း​ချထား​လေ​၏​။

Ver Capítulo

Common Language Bible

ယော​သပ်​အ​ကျဉ်း​ခံ​ရာ​ကိုယ်​ရံ​တော်​မှူး​အိမ် ၌​အ​ကျဉ်း​ချ​ထား​လေ​၏။-

Ver Capítulo

Garrad Bible

ယော သပ် အ ကျဉ်း ခံ ရာ နှောင် အိမ် ဖြစ် သော ကိုယ် ရံ တော် မှူး ၏ အိမ် ၌ အ ကျဉ်း ထား လေ ၏။

Ver Capítulo

Judson Bible

ယော​သပ်​အ​ချုပ်​ခံ​ရာ​ထောင်​တည်း​ဟူ​သော ကိုယ်​ရံ​တော်​မှူး၏​အိမ်၌ ချုပ်​ထား​တော်​မူ၏။

Ver Capítulo



ကမ္ဘာ​ဦး 40:3
6 Referencias Cruzadas  

ယောသပ်​သည် အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ခြင်း​ခံရ​၏​။ ထို​ပြည်​သို့​ရောက်​သောအခါ အီဂျစ်​အမျိုးသား​၊ ဖာရော​မင်းကြီး​၏​မှူးမတ်​၊ ကိုယ်ရံတော်မှူး ပေါတိဖာ​သည် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​လက်​မှ ဝယ်ယူ​လိုက်​၏​။


ထိုအခါ ယောသပ်​၏​သခင်​သည် ယောသပ်​ကို​ခေါ်ဆောင်​သွား​၍ ရှင်ဘုရင်​အကျဉ်းချ​ထား​သော​သူ​များ​ကို ချုပ်နှောင်​ထား​သည့်​နေရာ​ဖြစ်​သော အကျဉ်းထောင်​ထဲ၌ ထည့်​ထား​လေ​၏​။ သို့ဖြစ်၍ ယောသပ်​သည် အကျဉ်းထောင်​ထဲ၌​နေ​ရ​၏​။


ထောင်မှူး​သည် အကျဉ်းထောင်​ထဲ၌​ရှိ​သော​အကျဉ်းသား​အားလုံး​ကို ယောသပ်​လက်​သို့​အပ်​၍ ထောင်​ထဲ၌​ဆောင်ရွက်စရာ​ရှိသမျှ​တို့​ကို ယောသပ်​ဆောင်ရွက်​ရ​၏​။


ထာဝရဘုရား​သည် ယောသပ်​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် ယောသပ်​ဆောင်ရွက်​သမျှ​သော​အမှု​တို့​ကို ထောင်မှူး​သည် ကြည့်ရှုစရာ​မ​လို​ပေ​။ ထာဝရဘုရား​သည် ယောသပ်​ပြု​လေရာရာ​၌ အောင်မြင်​စေ​တော်မူ​၏​။


ကိုယ်ရံတော်မှူး​သည် သူ​တို့​ကို ယောသပ်​လက်​သို့​အပ်​သဖြင့် ယောသပ်​သည် သူ​တို့​ကို​ကြည့်ရှုစောင့်ရှောက်​ရ​၏​။ ထို​သူ​တို့​သည် ရက်​အတန်ကြာ အကျဉ်း​ချ​ခံရ​ကြ​၏​။


အရှင်​ဖာရော​မင်းကြီး​၊ အရှင်​သည် အစေအပါး​တို့​ကို​အမျက်ထွက်​၍ အကျွန်ုပ်​နှင့်​စားတော်ဝန်​ကို ကိုယ်ရံတော်မှူး​၏​အိမ်​၌ အကျဉ်း​ချ​ထား​ပါ​၏​။