ငါပိုင်သောစပျစ်ဥယျာဉ်သည် ငါ့ရှေ့မှာရှိ၍၏။ အိုရှောလမုန်၊ ငွေတ ထောင်ကို ကိုယ်တော်အားဆက်၍ အသီးသီးစောင့်သော သူတို့သည် နှစ်ရာကိုယူရကြ၏။
ရှော လ မုန် မင်း သည်၊ ဗာ လ ဟာ မုန် ခ ရိုင်၌ ပိုင် ရှိ သော စ ပျစ် ဥ ယျာဉ် ကို၊ ဥ ယျာဉ့် စောင့် တို့ အား၊ အ ငှား ချ ထား သည့် အ တိုင်း၊ အ သီး အ နှံ အ တွက် ငွေ တစ် ထောင် စီ၊ အ သီး သီး ဆက် သွင်း ရ ကြ၏။
ဗာလဟာမုန်ပြည်၌ ရှောလမုန်မင်း၏စပျစ်ဥယျာဉ်တော်တစ်ဆူရှိ၏။ ဥယျာဉ်စောင့်တို့၌ငှားသဖြင့် သူတို့သည် အသီးကို စားရသည်အတွက် ငွေတစ်ထောင်စီဆက်ရကြ၏။
ဗာလဟာမုန်အရပ်တွင် ရှောလမုန်မင်းကြီး၏စပျစ်ခြံရှိ၏။ ထိုစပျစ်ခြံကို ခြံလုပ်သားတို့လက်သို့ အပ်ထား၏။ သူတို့သည် စပျစ်သီးဖိုး ငွေစတစ်ထောင်စီ ဆက်သရ၏။
ထိုနောက်စာရာအား``သင်သည်အပြစ်မဲ့ကြောင်း သင်၏အပေါင်းအဖော်တို့သိစေရန်သက်သေ အထောက်အထားအဖြစ် ငါသည်သင်၏အစ်ကို အားငွေသားတစ်ထောင်ပေးပြီ။ လူတိုင်းကသင် သည်အပြစ်တစ်စုံတစ်ရာကူးလွန်ခြင်းမရှိ ကြောင်းသိလိမ့်မည်'' ဟုဆိုလေ၏။
ကြီးကျယ်သောအလုပ်ကို စီရင်၍အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျဉ်တို့ကိုလည်း စိုက်၏။
ကျွန်မနှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော် သည် သိုးများကိုအဘယ်မှာ ထိန်းတော်မူသည်ကို၎င်း၊ မွန်းတည့်ချိန်၌ အဘယ်မှာအရပ်ခိုစေတော်မူသည်ကို၎င်း ပြတော်မူပါ။ ကျွန်မသည် အခြားတပါးသော သိုးထိန်း နောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။
ပွဲခံရာအိမ်သို့ ငါ့ကိုဆောင်သွား၍၊ မေတ္တာတော် အလံကို ငါ့အပေါ်မှာ မိုးတော်မူပြီ။
အနုဆေးပင်တို့သည် မွှေးကြိုင်ကြပါ၏။ ငါတို့ တံခါးနားမှာ ချိုသော အသီးမျိုး အသစ်အဟောင်းတို့ကို ကိုယ်တော်ဘို့ ကျွန်မသိုထားပါပြီ၊ ငါချစ်ရာသခင်။ ထိုစပျစ်ရည်သည် ငါချစ်ရာသခင်အဘို့ ဖြောင့် စွာ စီးတတ်ပါ၏။ အိပ်ပျော်သောသူတို့၏ နှုတ်ခမ်းသို့ အမှတ်တမဲ့ ရောက်တတ်ပါ၏။
ဥယဉ်တို့၌နေသောသူ။ သင်၏စကားသံကို သင်၏ အပေါင်း အဘော် တို့သည် နားထောင် တတ်ကြ၏။ ငါသည်လည်းကြားပါရစေ။
ထိုအချိန်ကျရောက်လာသောအခါစပျစ် ပင်တစ်ထောင်ရှိ၍ ငွေခွက်တစ်ထောင်တန်ဖိုး ထိုက်သည့်စပျစ်ဥယျာဉ်တိုင်းပင်လျှင်ဆူး ခြုံအမျိုးမျိုးဖြင့်ဖုံးအုပ်၍နေလိမ့်မည်။-
ထိုနောက်ကိုယ်တော်သည်သူတို့အား ပုံဥပမာ ဆောင်၍မိန့်ကြားတော်မူ၏။ ကိုယ်တော်က ``လူ တစ်ယောက်သည်စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍ ခြံဝင်းကာ၏။ စပျစ်သီးနယ်ရာကျင်းကိုတူး ၍မျှော်စင်ကိုဆောက်လုပ်၏။ ထိုနောက်သူသည် ဥယျာဉ်ကိုခြံသမားတို့အား သီးစားချ၍ နိုင်ငံရပ်ခြားသို့ထွက်သွား၏။-