တမန်တော်ဝတ္ထု 22:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း
ထို့နောက် ပညတ်တရားအတိုင်း ဘုရားတရားကိုင်းရှိုင်း၍ ဒမတ်စကပ်မြို့တွင် နေထိုင်သည့်ဂျူးများရှေ့၌ ချီးမွမ်းခံရသူ အာနနိဟု ခေါ်သောလူတစ်ဦးသည် ကျွန်ုပ်ထံသို့ လာ၏။ သူသည် နံဘေး၌ ရပ်နေပြီးလျှင် ‘ငါ့ညီ ရှောလု… မျက်စိပြန်မြင်စေ’ ဟု ဆိုရာ ထိုခဏချင်းပင် ကျွန်ုပ်၏မျက်စိပြန်မြင်၍ သူ့ကို တွေ့မြင်ရ၏။
Ver Capítulo
အာနနိဆိုသူသည်အကျွန်ုပ်၏ထံသို့လာ ပါ၏။ သူသည်ပညတ်တရားကိုလိုက်လျှောက် ကျင့်သုံး၍ ဘုရားဝတ်၌မွေ့လျော်သူဖြစ်၏။ ဒမာသက်မြို့ရှိယုဒအမျိုးသားအပေါင်း တို့၏ရိုသေလေးစားခြင်းကိုလည်းခံရ၏။-
Ver Capítulo
ထို အ ခါ ပ ညတ် တ ရား အ တိုင်း ကြည် ညို လျက် ထို မြို့ နေ ယု ဒ လူ မျိုး အ ပေါင်း တို့ တွင် အ သ ရေ ကောင်း သော အာ န နိ ဆို သူ သည်၊
Ver Capítulo
ထိုအခါ ပညတ်တရားနှင့်အညီ ဘုရားဝတ်၌မွေ့လျော်သောသူဖြစ်၍၊ ထိုမြို့မှာနေသောယုဒလူအပေါင်းတို့တွင် အသရေရှိသောသူ အာနနိသည်၊-
Ver Capítulo
ထို့နောက် ပညတ်တရားနှင့်အညီ ဘုရားတရားကြည်ညိုသူဖြစ်ပြီး ဒမတ်စကပ်မြို့၌နေထိုင်သော ဂျူးလူမျိုးအားလုံးတို့တွင် ဂုဏ်သတင်းကောင်းသော အာနနိအမည်ရှိသူတစ်ဦးသည်
Ver Capítulo