အိမ်တော်အတွင်းခန်း၊ အပြင်ခန်းနံရံပတ်ပတ်လည်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများကို ပန်းပုလက်ရာမြောက်အောင် ထွင်းထုထား၏။
၃ ရာ 7:36 - မြန်မာ့စံမီသမ္မာကျမ်း လက်ကိုင်နှင့် ဘောင်မျက်နှာပြင်တို့ရှိ နေရာလွတ်များတွင် ခေရုဗိမ်ရုပ်၊ ခြင်္သေ့ရုပ်နှင့် စွန်ပလွံပင်ပုံများ၊ ပတ်ပတ်လည်တွင် ကနုတ်ပန်းများ ထွင်းထုထား၏။ Common Language Bible ထောက်တိုင်များနှင့်မှန်ကူကွက်ပုံများတွင်နေရာ လပ်ရှိသမျှတို့၌ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင် ပုံများနှင့် ပတ်လည်တွင်ပန်းဆိုင်းများကိုထု လုပ်ထား၏။- Garrad Bible အ ထောက် အ ခံ ရှိ အ ကွက် များ ၌ ခေ ရု ဗ၊ ခြင်္သေ့၊ စွံ ပ လွန် ပင် ပုံ များ နှင့် ပတ် လည် ပန်း ဆိုင်း ကို လည်း ထု လေ ၏။ Judson Bible ကိုင်စရာမျက်နှာနှင့် ခုံမျက်နှာပြင်၌ ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင်အစရှိသော အပြောက်မျိုး အသီးအသီး ထင်ပေါ်လျက်ရှိ၏။ |
အိမ်တော်အတွင်းခန်း၊ အပြင်ခန်းနံရံပတ်ပတ်လည်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများကို ပန်းပုလက်ရာမြောက်အောင် ထွင်းထုထား၏။
သံလွင်သားတံခါးရွက်နှစ်ရွက်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံတို့ကို ပန်းပုလက်ရာမြောက်စွာထုလုပ်ထားပြီး ရွှေဖြင့်မွမ်းမံထား၏။ ခေရုဗိမ်ပုံနှင့် စွန်ပလွံပင်ပုံတို့ကို ရွှေဖြင့်ကပ်ထား၏။
တံခါးချပ်များပေါ်တွင် ခေရုဗိမ်ပုံ၊ စွန်ပလွံပင်ပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထားပြီး ထိုရုပ်လုံးတို့အပေါ်၌ ရွှေဖြင့် သေသပ်စွာမွမ်းမံထား၏။
ဘောင်ကွပ်ထားသောကြေးနီပြားများပေါ်တွင် ခြင်္သေ့ရုပ်၊ နွားရုပ်၊ ခေရုဗိမ်ရုပ်များပါရှိပြီး ဘောင်တို့၌ ခြင်္သေ့ရုပ်နှင့်နွားရုပ်တို့၏အထက်ဘက်နှင့်အောက်ဘက်တို့တွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။
တွန်းလှည်း၏အပေါ်ဘက်တွင် တစ်ထွာခန့်ထူသောခွေဖြင့် ကွပ်ထား၏။ တွန်းလှည်းအပေါ်ဘက်ရှိ လက်ကိုင်များသည် ဘောင်များနှင့် တစ်သားတည်းသွန်းထား၏။
တွန်းလှည်းဆယ်ခုစလုံးကို ထိုအတိုင်း သွန်းလုပ်သောကြောင့် ပုံစံတူ၊ အရွယ်အစားတူဖြစ်၏။
ခေရုဗိမ်တစ်ပါးစီတွင် မျက်နှာလေးခုစီပါရှိ၏။ ပထမမျက်နှာသည် ခေရုဗိမ်မျက်နှာ၊ ဒုတိယမျက်နှာသည် လူမျက်နှာ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ၊ စတုတ္ထမျက်နှာသည် လင်းယုန်မျက်နှာဖြစ်၏။
မုခ်ဆောင်ဆင်ဝင်တို့သည် အပြင်ဝင်းဘက်သို့ မျက်နှာမူ၏။ တိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။ ထိုမုခ်ဆောင်သို့ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
ထိုမုခ်ဆောင်၏ဆင်ဝင်သည် အပြင်ဝင်းနှင့် မျက်နှာချင်းဆိုင်လျက်ရှိ၏။ တစ်ဖက်တစ်ချက်ရှိတိုင်များတွင် စွန်ပလွံပင်ပုံ ဖော်ထား၏။ ထိုမုခ်ဆောင်ပေါ်သို့ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။