တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊
၂ ရာ 5:18 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိတ္တိစစ်သည်တို့သည် ချီလာ၍ ရေဖိမ်ချိုင့်ဝှမ်းတွင် တပ်ဖြန့်နေရာယူကြလေ၏။ Common Language Bible ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ်ချိုင့်ဝှမ်း ကိုသိမ်းပိုက်လိုက်ကြ၏။- Garrad Bible ဖိ လိ တ္တိ ရဲ မက် တို့ ချီ လာ၍ ရေ ဖိမ် ချိုင့်၌ အ နှံ့ အ ပြား တပ် ချ ကြ သော်၊ Judson Bible ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။ |
တစ်ဆယ့်လေးနှစ်မြောက်တွင် ခေဒေါရလောမာမင်းကြီးသည် မဟာမိတ်ဘုရင်တို့နှင့်တကွချီတက်လာ၍ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းကောင်း၊ ဟာမမြို့၌ ဇူဇိမ်လူမျိုးကိုလည်းကောင်း၊ ရှာဗက်ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းကောင်း၊
ရိတ်သိမ်းရာကာလတွင် စစ်သူရဲသုံးဆယ်ထဲမှ သုံးဦးသည် ဒါဝိဒ်မင်းကြီးရှိရာ အဒုလံလိုဏ်ဂူသို့ ဆင်းသွားကြ၏။ ဖိလိတ္တိတပ်မူကား ရေဖိမ်ချိုင့်ဝှမ်းတွင် စခန်းချလျက်ရှိ၏။
ဖိလိတ္တိစစ်သည်တို့သည် နောက်တစ်ကြိမ် ချီလာ၍ ရေဖိမ်ချိုင့်ဝှမ်းတွင် တပ်ဖြန့်နေရာယူကြပြန်၏။
စစ်သူရဲသုံးဆယ်ထဲမှ သုံးဦးသည် ဒါဝိဒ်မင်းကြီးရှိရာ အဒုလံလိုဏ်ဂူကျောက်ဆောင်သို့ ဆင်းသွားကြ၏။ ဖိလိတ္တိတပ်မူကား ရေဖိမ်ချိုင့်ဝှမ်းတွင် စခန်းချလျက်ရှိ၏။
ရိတ်သိမ်းသူသည် စပါးပင်ကိုစု၍ မိမိလက်ရုံးအားဖြင့် ရိတ်သိမ်းသကဲ့သို့လည်းကောင်း၊ ရေဖိမ်ချိုင့်ဝှမ်း၌ စပါးနှံများကို ကောက်သင်းကောက်သကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
တစ်ဖန် နယ်နိမိတ်သည် ဗင်ဟိန္နုံချိုင့်ဝှမ်းမှ ဂျေရုဆလင် ခေါ် ယေဗုသိမြို့တောင်ဘက်ရှိ တောင်စောင်းတစ်လျှောက် တက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရေဖိမ်ချိုင့်ဝှမ်း၏မြောက်ဘက်အဆုံးရှိ ဟိန္နုံချိုင့်ဝှမ်း၏အနောက်ဘက်နှင့်မျက်နှာချင်းဆိုင်သော တောင်ထိပ်အထိ တက်သွား၏။
ယောရှုကလည်း သူတို့အား “သင်တို့၏လူဦးရေများပြားသောကြောင့် ဧဖရိမ်တောင်ပေါ်ဒေသသည် သင်တို့အဖို့ ကျဉ်းကျပ်သည်ဆိုလျှင် ဖေရဇိပြည်၊ ရေဖိမ်ပြည်ရှိ တောများကို ခုတ်ထွင်ရှင်းလင်းကြလော့”ဟု ဆိုလေ၏။
ထိုနယ်နိမိတ်သည် ရေဖိမ်ချိုင့်ဝှမ်းမြောက်ဘက်ရှိ ဗင်ဟိန္နုံချိုင့်ဝှမ်းနှင့်မျက်နှာချင်းဆိုင် တောင်ခြေသို့ရောက်ပြီး ဟိန္နုံချိုင့်ဝှမ်းသို့ ဆင်းသွား၏။ ထိုမှ တောင်ဘက်ယေဗုသိတောင်စောင်းအတိုင်း အင်္ရောဂေလအရပ်သို့ ဆင်းသွား၏။