ဤသို့ဖြင့် ရှင်ဘုရင်၏အမိန့်တော်အတိုင်း ပွဲတော်ကိုပြင်ဆင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် ကိုယ်စီနေရာယူကြ၏။ လေဝိအမျိုးတို့သည်လည်း အဖွဲ့လိုက်နေရာယူကြ၏။
၂ ရာချုပ် 35:5 - မြန်မာ့စံမီသမ္မာကျမ်း ဘိုးဘေးအိမ်ထောင်စုအလိုက် အုပ်စုခွဲထားသောညီအစ်ကိုချင်းပြည်သူပြည်သားများနှင့် ဘိုးဘေးအိမ်ထောင်စုအလိုက် အဖွဲ့ခွဲထားသောလေဝိအမျိုးသားတို့၊ သန့်ရှင်းရာဌာနတွင် နေရာယူကြလော့။ Common Language Bible ယင်းသို့ပြုရာတွင်ဣသရေလအမျိုးသား အိမ်ထောင်စုတိုင်းကို သင်တို့အနက်အချို့တို့ သည်ကူညီမစနိုင်စေရန်စီစဉ်ဆောင်ရွက် ကြလော့။- Garrad Bible ဆွေ မျိုး သား ချင်း ဖြစ် သော လူ ပ ရိ သတ် ၌ ခွဲ ခြား သော အိမ် ထောင် များ နှင့် အ မျှ၊ လေ ဝိ ဂိုဏ်း သား အိမ် ထောင် အ နက်၊ သန့် ရှင်း ရာ ဌာ န တော် တွင် ဆိုင် ရာ တစ် စု စီ ရပ် နေ စဉ်၊ Judson Bible ပြည်သူပြည်သားဖြစ်သော သင်တို့ညီအစ်ကို အဘတို့အဆွေအမျိုးနှင့် လေဝိသားအဆွေအမျိုးအသီးအသီး နေရာရှိသည်အတိုင်း၊ သန့်ရှင်းရာဌာနတော်၌ ရပ်နေကြလော့။ |
ဤသို့ဖြင့် ရှင်ဘုရင်၏အမိန့်တော်အတိုင်း ပွဲတော်ကိုပြင်ဆင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် ကိုယ်စီနေရာယူကြ၏။ လေဝိအမျိုးတို့သည်လည်း အဖွဲ့လိုက်နေရာယူကြ၏။
ထို့နောက် မောရှေ၏ပညတ်တရားကျမ်း၌ရေးထားသည့်အတိုင်း ဂျေရုဆလင်မြို့တွင် ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ရန် ယဇ်ပုရောဟိတ်အုပ်စု၊ လေဝိအုပ်စုတို့ကို ခန့်ထားလေ၏။
ထာဝရဘုရား၏အိမ်တော်၌ ညစဉ်အမှုထမ်းကြသော ထာဝရဘုရား၏အစေအပါးအပေါင်းတို့၊ လာကြလော့။ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။
ထာဝရဘုရား၏အိမ်တော်၌လည်းကောင်း၊ ငါတို့ဘုရားသခင်၏အိမ်တော်တံတိုင်း၌လည်းကောင်း အမှုထမ်းကြသော ထာဝရဘုရား၏အစေအပါးတို့၊ ကိုယ်တော်ကိုချီးမွမ်းကြလော့။