La Biblia Online

Anuncios


Toda la Biblia A.T. N.T.




၂ ရာ​ချုပ် 34:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို​ငွေ​များ​ကို ထာဝရဘုရား​၏​အိမ်​တော်​၌ ခန့်ထား​သော​အလုပ်ကြီးကြပ်​သူ​တို့​လက်​သို့ ပေးအပ်​၏​။ ထာဝရဘုရား​၏​အိမ်​တော်​၌​အလုပ်​လုပ်​သော​အလုပ်သမား​တို့​သည် အိမ်​တော်​ပြန်လည်​ပြုပြင်​မွမ်းမံ​ရန်​အတွက် ထို​ငွေ​ကို အသုံးပြု​ကြ​၏​။

Ver Capítulo

Common Language Bible

ထို​နောက်​ထို​ငွေ​ကို​ဗိ​မာန်​တော်​မွမ်း​မံ​ပြင် ဆင်​မှု​ကြီး​ကြပ်​သူ​သုံး​ဦး​တို့​လက်​သို့ ပေး​အပ်​ကြ​၏။-

Ver Capítulo

Garrad Bible

ကြီး ကြပ် သူ ဗိ မာန် တော် မှူး တို့ လက် သို့ အပ် နှံ ၍၊ ဗိ မာန် တော် ကို ထေး ဖာ ပြင် ဆင် စေ ရန်၊ ဆောင် ရွက် သူ တို့ အား ဆင့် ကဲ အပ် ပြန် သည် နှင့် အ ညီ၊

Ver Capítulo

Judson Bible

ဗိ​မာန်​တော်​ကို ကြည့်​ရှု​ပြု​စု​သော​သူ​တို့၌ အပ်​သ​ဖြင့်၊ သူ​တို့​သည် ဗိ​မာန်​တော်​ကို ပြု​ပြင်​ခြင်း​ငှာ လုပ်​ဆောင်​သော​သူ၊

Ver Capítulo



၂ ရာ​ချုပ် 34:10
6 Referencias Cruzadas  

ထို​ငွေ​များ​သည် အလုပ်​လုပ်​သူ​များ​ကို ပေး​ရန်​နှင့် ထာဝရဘုရား​၏​အိမ်​တော်​ကို ပြုပြင်​ဖို့​ရန်​အတွက်​သာ ဖြစ်​၏​။


ထို့ပြင် လက်သမား​များ​၊ ဆောက်လုပ်ရေးသမား​များ​ကို​လည်း ဆစ်ပြီးသားကျောက်​များ​၊ ဝင်းတံခါး​အတွက်​သစ်​များ​ကို ဝယ်ယူ​ရန်​နှင့် ယုဒ​ဘုရင်​တို့​လက်ချက်​ကြောင့်​ပျက်စီး​သွား​သော အိမ်​တော်​အဆောက်အအုံ​များ​၊ တံခါးထုပ်​များ​ကို ပြုလုပ်​ရန်​အတွက် ငွေ​များ​ကို ပေးအပ်​၏​။


သူ​တို့​သည် ယဇ်ပုရောဟိတ်​မင်း​ဟိလခိ​ထံ​သွား​ပြီး ဘုရားသခင်​၏​အိမ်​တော်​အတွက် ယူဆောင်​လာ​သော​ငွေ​ကို ပေးအပ်​၏​။ ထို​ငွေ​တို့​သည် မနာရှေ​အမျိုး​၊ ဧဖရိမ်​အမျိုး​တို့​မှစ၍ ကြွင်းကျန်​သော​အစ္စရေး​လူမျိုး​အားလုံး​၊ ယုဒ​အမျိုး​၊ ဗင်္ယာမိန်​အမျိုး​အားလုံး​နှင့် ဂျေရုဆလင်​မြို့သား​တို့​ထံမှ လေဝိ​အမျိုး​တံခါးစောင့်​တို့​ကောက်ခံ​ရရှိ​သော​ငွေ​များ ဖြစ်​၏​။


ကျောက်ဆစ်သမား​၊ လက်သမား​တို့​ကို ငွေ​ပေး​၍​ခိုင်း​စေ​၏​။ ပါးရှား​ဘုရင် ကုရု​မင်းကြီး​၏​ခွင့်ပြုချက်​ဖြင့် ဆီဒုန်​အမျိုးသား​၊ တိုင်ရာ​အမျိုးသား​တို့​ကို စားနပ်ရိက္ခာ​နှင့်​ဆီ​ကို​ပေး​၍ သစ်ကတိုးသား​များ​ကို လက်ဘနွန်​တော​မှ ယုပ္ပေ​မြို့​အရောက် မျှောချ​စေ​၏​။