ထိုအခါ ဟေရှာယက ဟေဇကိမင်းကြီးအား “ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်လော့။
၁ ရာ 9:27 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မြို့စွန်သို့ဆင်းသွားစဉ် ရှမွေလက ရှောလုအား “သင့်ငယ်သားကို ရှေ့မှသွားနှင့်စေပါ”ဟု ဆိုသဖြင့် ငယ်သားလည်း သွားနှင့်လေ၏။ ထိုအခါ ရှမွေလက “သင်မူကား ဤနေရာ၌ ခဏရပ်နေလော့။ ဘုရားသခင်၏စကားတော်ကို သင့်အား ငါပြောပြမည်”ဟု ဆို၏။ Common Language Bible သူတို့သည်မြို့စွန်မြို့ဖျားသို့ရောက်သောအခါ ရှမွေလသည်ရှောလုအား``သင်၏အစေခံကိုငါ တို့ရှေ့ကသွားနှင့်ရန်ပြောကြားလော့'' ဟုဆို၏။ အစေခံသည်လည်းသွားနှင့်၏။ ထိုအခါရှမွေလ က``ဤတွင်ခေတ္တရပ်နားလော့။ ထာဝရဘုရား၏ အမိန့်တော်ကိုသင့်အားငါဖော်ပြပေအံ့'' ဟု ဆို၏။ Garrad Bible မြို့ အ စွန် သို့ ရောက် လျှင် ရှ မွေ လ က၊ ငယ် သား ကို ရှေ့ ကသွား နှင့် စေ။ သင် မူ ကား ရပ် နေ လော့။ ဘု ရား သ ခင့် ဗျာ ဒိတ် တော် ကို ငါ ပြန် မည် ဟု ရှော လု အား ဆို သည့် အ လျောက် ငယ် သား လွန်၍ သွား သော်၊ Judson Bible မြို့စွန်းသို့ ရောက်သောအခါ ရှမွေလက၊ သင်၏ငယ်သားကို ရှေ့သို့သွားစေခြင်းငှာပြောတော့ဟု ရှောလုအားဆိုသဖြင့်၊ ငယ်သားသည် ရှေ့သို့သွားလေ၏။ ရှမွေလကလည်း ရပ်နေတော့။ ဘုရားသခင်၏အမိန့်တော်ကို ငါပြန်မည်ဟုဆိုလျက်၊ |
ထိုအခါ ဟေရှာယက ဟေဇကိမင်းကြီးအား “ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်လော့။
ရှမွေလသည် ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်သွန်းလောင်းပြီးလျှင် သူ့ကိုနမ်းလျက် “အကယ်စင်စစ် ထာဝရဘုရားသည် မိမိ၏အမွေတော်ကို အုပ်ချုပ်သူမင်းအဖြစ် သင့်အား ဘိသိက်ပေးတော်မူပြီ။
ထိုအခါ ရှမွေလက ရှောလုမင်းကြီးအား “နေပါဦး။ မနေ့ညက ထာဝရဘုရား ငါ့အား မိန့်တော်မူသောစကားကို သင့်အား ငါပြောပြမည်”ဟု ဆိုလျှင် ရှောလုမင်းကြီးကလည်း “ပြောပါလော့”ဟု ဆို၏။
နံနက်အရုဏ်တက်ချိန်ရောက်လျှင် ထကြပြီး ရှမွေလသည် ရှောလုအား ခေါင်မိုးပြင်မှခေါ်ဆင်းလာ၍ “အဆင်သင့်ပြင်ထားလော့၊ သင့်ကိုငါပြန်လွှတ်မည်”ဟု ဆိုလျှင် ရှောလုသည်ထ၍ ရှမွေလနှင့်အတူ သူတို့နှစ်ဦးအပြင်သို့ထွက်သွားကြ၏။