၁ ရာချုပ် 11:2 - မြန်မာ့စံမီသမ္မာကျမ်း
ယခင် ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။
Ver Capítulo
အတိတ်ကာလကရှောလုမင်းဘုရင်ဖြစ်စဉ် အခါ၌ပင်လျှင် အရှင်သည်ဣသရေလပြည် သားတို့အားရှေ့ဆောင်၍တိုက်ပွဲဝင်ခဲ့ပါ၏။ အရှင်၏ဘုရားသခင်ထာဝရဘုရားက လည်း အရှင်သည်ကိုယ်တော့်လူမျိုးတော်၏ ခေါင်းဆောင်၊ သူတို့၏ဘုရင်ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့ပါ၏'' ဟုလျှောက်ထား ကြ၏။-
Ver Capítulo
ယ မန်၊ ရှော လု မင်း လက် ထက်၊ ဣ သ ရေ လ လူ မျိုး တို့ စစ် ဝင် စစ် ထွက် မှု ကို စီ မံ သူ ကား အ ရှင် ပေ တည်း။ အရှင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား က လည်း၊ သင် သည် ဣ သ ရေ လူ မျိုး တော် ကို ထိန်း ကျောင်း ရ လျက် ထို လူ မျိုး တော့် အ ပေါ် တွင် မင်း ပြု ရ မည် ဟူ၍ မိန့် တော် မူ ခဲ့ ကြောင်း တင် လျှောက် ကြ လေ ၏။
Ver Capítulo
အထက်က ရှောလုသည် ရှင်ဘုရင်ဖြစ်သောအခါ၊ ကိုယ်တော်သည် ဣသရေလအမျိုးကို ဆောင်သွားလျက်၊ သွင်းပြန်လျက် နေတော်မူပြီ။ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားကလည်း၊ သင်သည် ငါ၏လူဣသရေလအမျိုးကို လုပ်ကျွေးအုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ၏။
Ver Capítulo