“လူတိုင်း ကောင်းသောစပျစ်ဝိုင်ကို ဦးစွာချပေးပြီး လူတို့ယစ်မူးကြသောအခါမှ အညံ့ကိုချပေးလေ့ရှိ၏။ သင်မူကား ကောင်းသောစပျစ်ဝိုင်ကို ယခုအထိ သိမ်းထားပြီတကား”ဟု ဆို၏။
၁ ကော 11:21 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား စားသောက်ကြရာတွင် အသီးသီးတို့သည် သူတစ်ပါးကိုမစောင့်ဘဲ မိမိညစာကို စားကြသောကြောင့် မူးသူကမူး၊ ဆာသူကဆာ ဖြစ်နေကြ၏။ Common Language Bible သင်တို့တစ်ဦးစီသည်ကိုယ့်အစာကိုအလျင် စားကြသဖြင့်ဆာသူကဆာ၊ သေသောက်ကြူး သူကကြူးလျက်ရှိကြသည်။- Garrad Bible သင် တို့ စား သောက် ကြ သည် တွင် တစ် ဦး ထက် တစ် ဦး သည် ကိုယ့် အ စာ ကို တင် ရင် စား သောက် ကြ သ ဖြင့် တစ် ဦး ဆာ မွတ် လျက် တစ် ဦး ယစ် ဝ လျက် ရှိ လေ စွ တ ကား။ Judson Bible အကြောင်းမူကား၊ သင်တို့သည် စားကြသည်တွင် ကိုယ်စီကိုယ်စီ မိမိအစာကိုအရင်ယူ၍၊ တချို့ကား ဆာမွတ်လျက်၊ တချို့ကား စားသောက်ကြူးလျက်ရှိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် သင်တို့ထဲမှ တချို့သည် မိမိအစားအစာကို မည်သူ့ကိုမျှ မဝေမျှဘဲ မိမိဘာသာ စားနှင့်ကြသောကြောင့် ဆာသူကဆာ၊ မူးသူကမူး ဖြစ်နေကြ၏။ |
“လူတိုင်း ကောင်းသောစပျစ်ဝိုင်ကို ဦးစွာချပေးပြီး လူတို့ယစ်မူးကြသောအခါမှ အညံ့ကိုချပေးလေ့ရှိ၏။ သင်မူကား ကောင်းသောစပျစ်ဝိုင်ကို ယခုအထိ သိမ်းထားပြီတကား”ဟု ဆို၏။
သို့ဖြစ်၍ သင်တို့သည် အတူတကွစုဝေးကြသောအခါ သခင်ဘုရား၏ပွဲတော်ကိုစားသောက်ရန် စုဝေးကြသည်မဟုတ်။
တစ်စုံတစ်ယောက်သည် ဆာလောင်လျှင် ပြစ်ဒဏ်စီရင်ခြင်းခံရရန်အတွက် စုဝေးခြင်းမဖြစ်မည့်အကြောင်း မိမိအိမ်၌စားပါစေ။ ကျန်သောကိစ္စများကို ငါလာသောအခါညွှန်ကြားမည်။
မတရားမှု၏အဖိုးအခအဖြစ် မတရားသဖြင့်ပြုမူခြင်းကို ခံကြရလိမ့်မည်။ သူတို့သည် နေ့အချိန်၌ သောက်စားပျော်ပါးခြင်းကို ပျော်ရွှင်မှုဟုမှတ်ယူလျက် သင်တို့နှင့်အတူစားသောက်စဉ် မိမိတို့၏လှည့်ဖြားမှုထဲ၌ မွေ့လျော်ကြ၍ အစွန်းအထင်းနှင့်အပြစ်အနာအဆာများကဲ့သို့ဖြစ်ကြ၏။
သူတို့သည် သင်တို့နှင့်အတူစားသောက်သောအခါ ရှက်ကြောက်ခြင်းမရှိဘဲ မိမိတို့အတွက်သာ ဂရုစိုက်လျက် သင်တို့၏မေတ္တာပွဲ၌ အစွန်းအထင်းများဖြစ်ကြ၏။ သူတို့သည် လေ၌လွင့်ပါသွားသော မိုးရေမပါသည့်မိုးတိမ်များ၊ အမြစ်ပါမကျန်ဆွဲနုတ်ခံရ၍ နှစ်ကြိမ်သေသည့် အသီးမသီးသော ဆောင်းဦးကာလသစ်ပင်များ၊