La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဧ​သ​တာ 3:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အရှင်မင်းကြီး​အလို​တော်​ရှိ​လျှင် သူ​တို့​ကို​ဖျက်ဆီး​ပစ်​ရန် အမိန့်စာ​ထုတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည်​လည်း အရှင်မင်းကြီး​၏​ဘဏ္ဍာတိုက်​ထဲသို့​သွင်း​ရန် ငွေ​တာလန်​တစ်သောင်း​ကို ဤ​အမှု​ဆောင်ရွက်​သူ​တို့​၏​လက်​သို့ အပ်​ပါ​မည်​”​ဟု လျှောက်​လေ​၏​။

Ver Capítulo

Common Language Bible

အ​ရှင်​မင်း​ကြီး​သ​ဘော​တူ​တော်​မူ​ပါ​လျှင် သူ​တို့​အား​ကွပ်​မျက်​ရန်​အ​မိန့်​ထုတ်​ပြန်​တော် မူ​ပါ။ အ​ရှင်​ဤ​သို့​ပြု​တော်​မူ​မည်​ဆို​ပါ​လျှင် နိုင်​ငံ​တော်​အုပ်​ချုပ်​ရေး​အ​တွက် အ​ရှင့်​ဘဏ္ဍာ တော်​သို့​ငွေ​သုံး​ရာ​ခု​နစ်​ဆယ့်​ငါး​တန်​ပေး သွင်း​ရန်​ကျွန်​တော်​မျိုး​တာ​ဝန်​ယူ​ပါ​မည်'' ဟု​လျှောက်​၏။

Ver Capítulo

Garrad Bible

သို့ ဖြစ်၍၊ ဘု ရင် မင်း သ ဘော တော် ရှိ ပါ လျှင်၊ ကွပ် မျက် ရ အံ့ သော ငှာ အ မိန့် တော် စာ အပ် တော် မူ ပါ။ ဘ ဏ္ဍာ တော် ထဲ သို့ ထည့် သွင်း ရန်၊ တိုင်း ကျိုး ပြည် ကျိုး ဆောင် ရွက် သူ တို့ လက် တွင်း သို့၊ ငွေ ချိန် ခွက် သုံး သိန်း ကို ကျွန် တော် ချိန် သွင်း ပါ မည် ဟု တင် လျှောက် သော်၊

Ver Capítulo

Judson Bible

ကိုယ်​တော်​သ​ဘော​တူ​လျှင် ထို​အ​မျိုး​ကို ဖျက်​ဆီး​စေ​ဟု အ​မိန့်​ရှိ​တော်​မူ​ပါ။ ထို​အ​မှု​ကို ဆောင်​ရွက်​သော သူ​တို့​သည် ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​သို့ ငွေ​အ​ခွက်​တစ်​သိန်း​ကို သွင်း​စေ​ခြင်း​ငှာ၊ ကျွန်​တော်​အပ်​ပေး​ပါ​မည်​ဟု လျှောက်​လေ၏။

Ver Capítulo



ဧ​သ​တာ 3:9
7 Referencias Cruzadas  

အာဗြဟံ​သည် ဧဖရုန်​၏​စကား​ကို​နားထောင်​လေ​၏​။ ထိုသို့ ဟေသ​အမျိုးသား​တို့​ရှေ့မှောက်​၌ ဧဖရုန်​တန်ဖိုးဖြတ်​သည့် ငွေ​အချိန်​လေး​ရာ​ရှယ်ကယ်​ကို အာဗြဟံ​သည် ကုန်သည်​တို့​၏​စံနှုန်း​အတိုင်း​ချိန်တွယ်​၍ သူ့​အား​ပေး​လေ​၏​။


ထိုအခါ ရှင်ဘုရင်​သည် မိမိ​လက်​မှ​တံဆိပ်တုံးလက်စွပ်​တော်​ကို​ချွတ်​၍ ဂျူး​လူမျိုး​တို့​၏​ရန်သူ​ဖြစ်​သော အာဂတ်​အမျိုး​ဟမ္မေဒါသ​၏​သား​ဟာမန်​အား ပေး​လေ​၏​။


ထို့နောက် ဟာမန်​က အာရွှေရု​မင်းကြီး​အား “​အရှင်မင်းကြီး​ပိုင်​နိုင်ငံ​တော်​တစ်ဝန်းလုံး​ရှိ နယ်မြေဒေသ​အသီးသီး​မှ​ပြည်သူပြည်သား​များ​ကြားတွင် ကွဲလွင့်​ပျံ့နှံ့​နေ​သော​လူမျိုး​တစ်​မျိုး​ရှိ​ပါ​၏​။ သူ​တို့​၏​စည်းမျဉ်း​ဥပဒေ​များ​သည် အခြား​လူမျိုး​အပေါင်း​တို့​နှင့်​မတူ​။ သူ​တို့​သည် အရှင်မင်းကြီး​၏​စည်းမျဉ်း​ဥပဒေ​များ​ကို မ​လိုက်နာ​သောကြောင့် သူ​တို့​ကို ဤ​အတိုင်း​လွှတ်​ထား​လျှင် အရှင်မင်းကြီး​အတွက် အကျိုး​မ​ရှိ​နိုင်​ပါ​။


မော်ဒကဲ​သည်​လည်း သူ​ကြုံတွေ့​နေ​ရ​သော​အဖြစ်အပျက်​အားလုံး​နှင့် ဟာမန်​က ဂျူး​လူမျိုး​တို့​ကို​သုတ်သင်​ပစ်​ရန် ဘုရင့်​ဘဏ္ဍာတိုက်​ထဲသို့​သွင်း​မည်​ဟု ကတိပြု​သည့်​ငွေသား​ပမာဏအတိအကျ​ကို​ပါ ဟာတက်​အား ပြောပြ​၏​။


ကျွန်တော်မျိုးမ​နှင့်​ကျွန်တော်မျိုးမ​၏​လူမျိုး​တို့​သည် လွတ်လမ်း​မ​ရှိ သုတ်သင်​ပယ်ရှင်း​ခံရ​ရန် ရောင်းစား​ခံ​လိုက်​ရ​ပါ​ပြီ​။ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် ရောင်းစား​ခံရ​လျှင် ဘာမျှ​မ​ပြော​ဘဲ​နေ​ပါ​မည်​။ ဤ​ဒုက္ခ​မျှလောက်​နှင့်​သာ​ဆိုလျှင် အရှင်မင်းကြီး​ကို​အနှောင့်အယှက်​မ​ပေး​ဘဲ နေ​ပါ​မည်​”​ဟု လျှောက်တင်​လေ​၏​။


ထိုအခါ ခါလဒဲ​ပညာရှိ​တို့​သည် လာ​၍ ဂျူး​လူမျိုး​တို့​ကို စွပ်စွဲ​ကြ​၏​။


သူ​သည် စာရင်း​စတင်​ရှင်း​သောအခါ တာလန်​တစ်သောင်း​အကြွေး​တင်​သူ​တစ်​ယောက်​ကို ရှေ့​တော်​သို့​ခေါ်ဆောင်​ခဲ့​ကြ​၏။