ထို့ကြောင့် ငါသည် တိုင်ရာမြို့ရိုးအပေါ် မီးကိုလွှတ်၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့်ငါသည်တုရုမြို့ရိုးများအပေါ် သို့မီးမိုးရွာစေပြီး တုရုရဲတိုက်များကို ပြာချလိုက်မည်ဟုမိန့်တော်မူ၏။
တု ရု နန်း ဆောင် များ ကျွမ်း လောင် ရန် မီး ကို၊ ထို မြို့ ရိုး သို့ စေ လွှတ် မည် ဟု မိန့် တော် မူ ၏။
တုရုမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။
ဖိလိတ္တိလူမျိုးအားလုံးကို ဖျက်ဆီးမည့်နေ့၊ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့ကို စစ်ကူပေးသောကြွင်းကျန်သူရှိသမျှတို့ကို ပယ်ဖျက်မည့်နေ့ ရောက်လာပြီ။ ထာဝရဘုရားသည် ကတ္တောရကျွန်းရှိ ကြွင်းကျန်သောဖိလိတ္တိလူမျိုးတို့ကို ဖျက်ဆီးမည်။
သင်၏ဥစ္စာပစ္စည်းများကိုလုယူမည်။ ကုန်ပစ္စည်းများကို သိမ်းယူမည်။ မြို့ရိုးတို့ကိုဖြိုဖျက်လိမ့်မည်။ အိမ်ကြီးအိမ်ကောင်းများကို ဖြိုဖျက်ပြီး ကျောက်များ၊ သစ်သားများကို အမှုန့်ပါမကျန် ပင်လယ်ထဲသို့ပစ်ချကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သူတို့သည် တိုင်ရာမြို့ရိုးကို ဖျက်ဆီး၍ ရဲတိုက်များကို ဖြိုချကြလိမ့်မည်။ အကျိုးအပဲ့များကို ရှင်းထုတ်ပြီး သူ့ကို ကျောက်တလင်းပြင်ကဲ့သို့ ငါဖြစ်စေမည်။
သင်၏ကြီးလေးသောအပြစ်၊ မတရားကုန်သွယ်သောအပြစ်တို့ကြောင့် သန့်ရှင်းရာဌာန ညစ်ညူးလေပြီ။ ထို့ကြောင့် သင့်အထဲမှ မီးထတောက်၍ သင့်ကို လောင်ကျွမ်းစေမည်။ ကြည့်ရှုသူတို့ရှေ့မှောက် မြေပေါ်တွင် သင့်ကို ပြာပုံဖြစ်စေမည်။
အို တိုင်ရာမြို့၊ ဆီဒုန်မြို့နှင့် ဖိလိတ္တိပြည်သားအပေါင်းတို့၊ အဘယ်ကြောင့် ငါ့ကိုဆန့်ကျင်ကြသနည်း။ တစ်စုံတစ်ရာကြောင့် ငါ့ကိုတုံ့ပြန်ကြသလော။ သင်တို့ ငါ့ကိုတုံ့ပြန်လျှင် ငါသည်လည်း မနှေးအမြန် သင်တို့ပြုသောအမှုကို သင်တို့ခေါင်းပေါ် ပြန်ရောက်စေမည်။
ထို့ကြောင့် ငါသည် ဟာဇေလအမျိုးအနွယ်ပေါ်သို့ မီးကိုလွှတ်၍ ဗင်္ဟာဒဒ်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
ထို့ကြောင့် ငါသည် ဂါဇမြို့ရိုးအပေါ် မီးကိုလွှတ်၍ ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။
ကြည့်ရှုလော့။ ဘုရားရှင်သည် သူပိုင်ဆိုင်သမျှကိုသိမ်းပိုက်၍ သူ့အစွမ်းကို ပင်လယ်ပြင်တွင် ဖျက်ဆီးတော်မူမည်။ မီးဖြင့် လောင်ကျွမ်းစေတော်မူမည်။