သင့်မြေမှထွက်သောအဦးဆုံးသီးနှံထဲမှအကောင်းဆုံးကို သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာရမည်။ ဆိတ်သငယ်ကို မိခင်၏နို့ရည်ဖြင့် မပြုတ်ရ။
ဟေရှာယ 65:4 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် သင်္ချိုင်းများတွင်ထိုင်ကြ၏။ ကွယ်ရာအရပ်တို့၌ ညအိပ်ကြ၏။ ဝက်သားကိုစားကြ၏။ သူတို့ခွက်များထဲ၌ ရွံရှာဖွယ်အသားပြုတ်ရည်ရှိ၏။ Common Language Bible ညဥ့်အခါ၌သူတို့သည်ဂူများသင်္ချိုင်းတွင်း များသို့သွား၍သူသေဝိညာဉ်များနှင့်နှီး နှောတိုင်ပင်ကြ၏။ သူတို့သည်ဝက်သားကို စား၍သူတို့၏အိုးများတွင် မသန့်ရှင်း သောအသားပြုတ်ရည်ရှိကြ၏။- Judson Bible သင်္ချိုင်းမှာနေ၍၊ သင်္ချိုင်းတွင်း၌ အိပ်တတ်၏။ ဝက်သားကိုစား၍၊ ရွံရှာဖွယ်သော အမဲသားပြုတ်ရည်ကိုသောက်တတ်၏။ |
သင့်မြေမှထွက်သောအဦးဆုံးသီးနှံထဲမှအကောင်းဆုံးကို သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာရမည်။ ဆိတ်သငယ်ကို မိခင်၏နို့ရည်ဖြင့် မပြုတ်ရ။
သင့်မြေမှထွက်သော အဦးဆုံးသီးနှံထဲမှအကောင်းဆုံးကို သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာရမည်။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့် မပြုတ်ရ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ဥယျာဉ်ထဲသို့သွားရန် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီး တစ်ယောက်ယောက်နောက်သို့လိုက်သွားသောသူနှင့် ဝက်သား၊ ကြွက်သား စသည့် ရွံရှာဖွယ်တို့ကိုစားသောသူတို့သည် အတူတကွပျက်စီးရလိမ့်မည်”ဟု မိန့်တော်မူ၏။
နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။
သူတို့၏ခံတွင်းထဲမှအသွေးနှင့် သူတို့သွားကြားမှစက်ဆုပ်ဖွယ်ရာများကို ငါဖယ်ရှားမည်။ ကြွင်းကျန်သောသူတို့သည် ငါတို့၏ဘုရားသခင်အဖို့ ဖြစ်၍ ယုဒအမျိုး၌ခေါင်းဆောင်ကဲ့သို့ ဖြစ်မည်။ ဧကြုန်လူမျိုးသည်လည်း ယေဗုသိလူမျိုးကဲ့သို့ဖြစ်မည်။
ထို့နောက် ကိုယ်တော်သည် ပင်လယ်တစ်ဖက်ကမ်းရှိ ဂါဒရနယ်သားတို့၏အရပ်ဒေသသို့ ရောက်တော်မူလျှင် နတ်ဆိုးပူးသူနှစ်ဦးသည် သင်္ချိုင်းမှထွက်လာ၍ ကိုယ်တော်ကိုဆီးကြိုကြ၏။ သူတို့သည် အလွန်ကြမ်းတမ်းသည်ဖြစ်၍ ထိုလမ်းကို မည်သူမျှ ဖြတ်၍မသွားနိုင်ကြချေ။
ကိုယ်တော်သည် ကမ်းပေါ်သို့တက်တော်မူသောအခါ နတ်ဆိုးများပူးသဖြင့် ကာလအတန်ကြာ အဝတ်လည်းမဝတ်၊ အိမ်၌လည်းမနေဘဲ သင်္ချိုင်း၌နေတတ်သော ထိုမြို့မှလူတစ်ဦးသည် ကိုယ်တော်ကိုဆီးကြိုလေ၏။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သောကြောင့် အလိုလိုသေသော အကောင်ဟူသမျှ မစားရ။ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသားစားရန် ပေးခွင့်ရှိ၏။ သို့မဟုတ် တစ်ပါးအမျိုးသားထံရောင်းခွင့်ရှိ၏။ ဆိတ်သငယ်ကို မိခင်၏နို့ဖြင့်မပြုတ်ရ။
ဝက်သည် ခွာကွဲသော်လည်း စားမြုံ့မပြန်သောကြောင့် သင်တို့အဖို့ မစင်ကြယ်။ အသားကိုမစားရ။ အသေကောင်ကိုလည်း မထိရ။