သူတို့အားလုံးကို တောင်ပေါ်မှာနေသော အသားစားငှက်၊ မြေကြီးပေါ်မှာနေသော တိရစ္ဆာန်တို့အတွက် စွန့်ပစ်ထားမည်။ အသားစားငှက်တို့သည် နွေကာလတစ်လျှောက်လုံး၊ မြေကြီးတိရစ္ဆာန်အပေါင်းတို့သည် ဆောင်းကာလတစ်လျှောက်လုံး အသေကောင်ကို စားကြလိမ့်မည်။
သူတို့၏အလောင်းများသည်ငှက်များနှင့် သားရဲတိရစ္ဆာန်များအတွက်ကျန်ရှိနေ လိမ့်မည်။ နွေအခါငှက်တို့နှင့်ဆောင်းအခါ သားရဲတို့သည် ထိုလူသေကောင်တို့ကိုစား ကြလိမ့်မည်။
၎င်း တို့ ကို တောင် ငှက် ရဲ၊ တော သား ရဲ တို့ အ ဖို့ စွန့် ထား သ ဖြင့်၊ ငှက် ရဲ များ သည် နွေ ဥ တု၌လည်း ကောင်း၊ သား ရဲ တို့ သည် ဆောင်း ဥ တု၌လည်း ကောင်း စား ကြ လိမ့် မည်။
သူတို့သည် တောင်ပေါ်မှာနေတတ်သောငှက်များ၊ တောသားရဲများတို့၏အဖို့ဖြစ်၍၊ ငှက်တို့သည် နွေကာလ၌လည်းကောင်း၊ သားရဲအပေါင်းတို့သည် ဆောင်းကာလ၌လည်းကောင်း၊ သူတို့အပေါ်မှာ နေကြလိမ့်မည်။
သင်မူကား သင်၏သင်္ချိုင်းဂူနှင့်ဝေးရာ၌ ဆွေးမြည့်သောသစ်ကိုင်းကဲ့သို့ လွှင့်ပစ်ခြင်းခံရ၏။ အသတ်ခံရသောသူ၊ ဓားထိုးခံရသောသူ၊ ကျောက်တွင်းထဲသို့ကျသောသူတို့၏အသေကောင်များဖြင့် ဖုံးအုပ်ခြင်းခံရလျက် အနင်းခံရသော အလောင်းကောင်ကဲ့သို့ဖြစ်၏။
ခါလဒဲပြည်ကို ကြည့်ကြလော့။ လူမရှိတော့ပြီ။ အဆီးရီးယားလူမျိုးသည် ထိုပြည်ကို ကန္တာရသတ္တဝါတို့နေစရာနေရာ ဖြစ်စေ၏။ သူတို့သည် မျှော်စင်တို့ကို တည်ဆောက်၍ ထိုပြည်၏နန်းတော်ကိုဖြိုဖျက်၏။ ထိုပြည်ကို ပြိုပျက်ရာဖြစ်စေကြ၏။
အရှေ့အရပ်မှ အသားစားငှက်ကို ငါခေါ်ခဲ့မည်။ ဝေးလံသောအရပ်မှ ငါ့အကြံအစည်ကို ပြည့်စုံစေသောသူအား ငါခေါ်ခဲ့မည်။ ငါမိန့်ဆိုပြီ၊ အကယ်စင်စစ် ငါဖြစ်စေမည်။ ငါကြံရွယ်ပြီ၊ အကယ်စင်စစ် ငါပြုမည်။
ကွင်းပြင်ရှိတိရစ္ဆာန်အပေါင်းတို့၊ ဝါးမျိုရန်လာကြလော့။ တောထဲရှိတိရစ္ဆာန်အပေါင်းတို့၊ ဝါးမျိုရန်လာကြလော့။
တစ်ဖန် ထာဝရဘုရားက “သတ်ဖြတ်မည့်ဓား၊ ကိုက်ဆွဲသွားမည့်ခွေး၊ ဝါးမျိုဖျက်ဆီးမည့် ကောင်းကင်ငှက်နှင့်မြေတိရစ္ဆာန် စသည့်ဘေးလေးမျိုးကို သူတို့ထံ ငါစေလွှတ်မည်။
“သူတို့သည် ရောဂါဆိုးဖြင့် သေလိမ့်မည်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူမရှိ။ သူတို့ကို သင်္ဂြိုဟ်မည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်လိမ့်မည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ပျက်စီးလိမ့်မည်။ အလောင်းကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ဤလူမျိုးအသေကောင်တို့ကို မိုးကောင်းကင်ရှိငှက်များ၊ မြေကြီးပေါ်ရှိတိရစ္ဆာန်များသည် ခြောက်လှန့်မည့်သူမရှိဘဲ စားကြလိမ့်မည်။
လဲကျသွားသောအပင်ပေါ်တွင် မိုးကောင်းကင်ငှက်တို့ နားနေပြီး အကိုင်းအခက်များကြားတွင် တောရိုင်းတိရစ္ဆာန်တို့ နေကြလိမ့်မည်။