La Biblia Online

Anuncios


Toda la Biblia A.T. N.T.




သုတ္တံကျမ်း။ 24:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဆိုးမိုက်​သော​သူ​အတွက် ဉာဏ်ပညာ​သည် မြင့်မား​လွန်း​၏​။ သူ​သည် မြို့​တံခါး​၌ မိမိ​နှုတ်​ကို​မ​ဖွင့်​ပေ​။

Ver Capítulo

Common Language Bible

ပညာမြင့်သောကြောင့် မိုက်သောသူမမှီနိုင်။ မြို့တံခါးဝ၌ စကားမပြောဝံ့။

Ver Capítulo

Garrad Bible

ဉာဏ် ပ ညာ သည် မြင့် မြတ် သော ကြောင့်၊ လူ မိုက် မ မှီ နိုင်။ မြို့ တံ ခါး ဝ၌ လည်း၊ နှုတ် မ မြွက် ရ။

Ver Capítulo

Judson Bible

ပ​ညာ​မြင့်​သော​ကြောင့် မိုက်​သော​သူ​မ​မီ​နိုင်။ မြို့​တံ​ခါး​ဝ၌ စ​ကား​မ​ပြော​ဝံ့။

Ver Capítulo



သုတ္တံကျမ်း။ 24:7
21 Referencias Cruzadas  

မြို့​တံခါး​တွင် ငါ့​ကို​ကူညီ​မည့်​သူ​ကို​တွေ့​သောကြောင့် မိဘမဲ့​တို့​ကို ငါ​လက်ရွယ်​ခဲ့​မိ​လျှင်


သူ့​သားသမီး​တို့​သည် လုံခြုံမှု​နှင့် ကင်းဝေး​၏​။ မြို့​တံခါး​၌ ညှဉ်းဆဲ​ခံ​နေ​ရ​သည်​ကို​ပင် ကယ်နုတ်​မည့်​သူ​မ​ရှိ​။


သူ​၏​လမ်းခရီး​တို့​သည် အစဉ်အမြဲ​ချောမွေ့​နေ​တတ်​၏​။ ကိုယ်တော်​၏​တရားစီရင်​ခြင်း​တို့​သည် သူ​နှင့်​အလှမ်းဝေး​သည့် မြင့်သောအရပ်​၌​ရှိ​၏​။ သူ​သည် မိမိ​ရန်သူ​ရှိသမျှ​တို့​ကို ပြောင်လှောင်​တတ်​၏​။


မိမိ​၏​မြားကျည်တောက်​ကို ထို​မြား​တို့​နှင့်​ပြည့်​စေ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ သူ​သည် တံခါးဝ​၌ ရန်သူ​များ​နှင့်​ရင်ဆိုင်​ပြောဆို​သောအခါ အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​။


ပြက်ရယ်​ပြု​တတ်​သော​သူ​သည် ဉာဏ်ပညာ​ကို​ရှာဖွေ​သော်လည်း မ​တွေ့​ပေ​။ အသိဉာဏ်​ရှိ​သော​သူ​မူကား အသိပညာ​ကို​ရ​လွယ်​၏​။


အသက်ရှင်​ခြင်း​လမ်း​သည် ပညာသတိ​ရှိ​သော​သူ​ကို အထက်​အရပ်​သို့​ပို့ဆောင်​ပေး​၏​။ ထိုသို့​အားဖြင့် သူ​သည် အောက်​မရဏာနိုင်ငံ​မှ​ဖယ်ခွာ​နိုင်​မည်​ဖြစ်​၏​။


မိုက်မဲ​သော​သူ​သည် ဉာဏ်​မ​ရှိ​ဘဲ​လျက် ဉာဏ်ပညာ​ကို​ဝယ်ယူ​ရန် လက်​ထဲ၌​ငွေ​ကိုင်​ထား​သည်​မှာ အဘယ်ကြောင့်​နည်း​။


အသိဉာဏ်​ရှိ​သော​သူ​၏​မျက်နှာ​သည် ဉာဏ်ပညာ​ဘက်​သို့​ရှေးရှု​တတ်​၏​။ မိုက်မဲ​သော​သူ​၏​မျက်စိ​မူကား ကမ္ဘာမြေကြီး​အစွန်း​သို့​ရှေးရှု​တတ်​၏​။


မွန်မြတ်​သော​နှုတ်ခမ်း​သည် မိုက်မဲ​သော​သူ​နှင့်​မ​သင့်လျော်​ပေ​။ ထို့ထက်မက မုသား​နှုတ်ခမ်း​သည် မင်းအရာရှိ​နှင့် ပို၍ပင်​မ​သင့်လျော်​ပေ​။


ဆင်းရဲ​သော​သူ​ကို ဆင်းရဲ​သည်​ဆို​၍ ခေါင်းပုံ​မ​ဖြတ်​နှင့်​။ အဖိနှိပ်​ခံရ​သော​သူ​ကို​လည်း မြို့​တံခါး​၌ မ​ညှဉ်းဆဲ​နှင့်​။


မကောင်းမှု​ပြု​သော​သူ​တို့​သည် တရားမျှတမှု​ကို​နား​မ​လည်​ကြ​။ ထာဝရဘုရား​ကို​ရှာ​သော​သူ​တို့​မူကား အပြည့်အဝ​နားလည်​ကြ​၏​။


သူ​၏​ခင်ပွန်း​သည် အရပ်​လူကြီး​တို့​နှင့်အတူ မြို့​တံခါး​၌​ထိုင်​လေ့​ရှိ​၍ လူသိ​များ​သော​သူ​ဖြစ်​၏​။


စကား​အားဖြင့် လူ​ကို​အပြစ်ပြု​စေ​သော​သူ​၊ မြို့​တံခါးဝ​တွင် အဆုံးအဖြတ်​ပေး​သူ​ကို​ထောင်ချောက်​ဆင်​သော​သူ​၊ ဖြောင့်မတ်​သော​သူ​ကို အကြောင်းမဲ့​ဘေးဖယ်​သူ အပေါင်း​တို့​သည် ဖယ်ရှား​ခြင်း​ခံရ​မည်​။


မိုက်မဲ​သော​သူ​သည် မိုက်မဲ​သော​စကား​ကို​ပြောဆို​တတ်​၏​။ သူ​၏​စိတ်နှလုံး​သည် ဒုစရိုက်​ကို​ကြံစည်​တတ်​၏​။ သူတော်ကောင်း​ယောင်ဆောင်​ပြီး ထာဝရဘုရား​အကြောင်း​ကို မဟုတ်မမှန်​ပြောဆို​တတ်​၏​။ ဆာလောင်မွတ်သိပ်​သော​သူ​ကို အစာ​မကျွေး​၊ ရေငတ်​သော​သူ​ကို ရေ​မ​တိုက်​။


သူ​တို့​သည် မြို့​တံခါး​ရှိ ဆုံးမ​ပေး​တတ်​သော​သူ​ကို မုန်း​၍ အမှန်တရား​ပြောဆို​သူ​အား စက်ဆုပ်ရွံရှာ​ကြ​၏​။


သင်​တို့​သည် အပြစ်​များစွာ​ကျူးလွန်​ပြီး အပြစ်​ကြီးလေး​ကြောင်း​ကို ငါ​သိ​၏​။ ဖြောင့်မတ်​သော​သူ​ကို ညှဉ်းဆဲ​ပြီး လာဘ်စား​၏​။ နွမ်းပါး​သူ​တို့​ကို​လည်း မြို့​တံခါးဝ​တွင် မတရားစီရင်​ကြ​၏​။


မကောင်းမှု​ကို မုန်း​၍ ကောင်းမှု​ကို မြတ်နိုး​လော့​။ မြို့​တံခါး​တွင် တရားမျှတမှု ရှိ​စေ​လော့​။ ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​သည် ကြွင်းကျန်​သော​ယောသပ်​အမျိုး​ကို သနား​ကောင်း သနား​တော်မူ​လိမ့်မည်​။


ဇာတိ​နှင့်ဆိုင်သော​လူ​သည် ဘုရားသခင်​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​အရာ​တို့​ကို မ​ခံယူ​ပေ။ အကြောင်းမူကား ထို​အရာ​တို့​သည် သူ့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။ ထို​အရာ​တို့​ကို ဝိညာဉ်​အားဖြင့်​သာ ပိုင်းခြား​၍​သိ​နိုင်​သည်​ဖြစ်၍ သူ​သည် ၎င်း​တို့​ကို​နား​မ​လည်​နိုင်။