ထို့ပြင် သူသည် အမှန်ပင် အကျွန်ုပ်၏နှမဖြစ်ပါ၏။ အကျွန်ုပ်ဖခင်၏သမီးဖြစ်သော်လည်း အကျွန်ုပ်မိခင်၏သမီးမဟုတ်ပါ။ နောက်တွင် အကျွန်ုပ်၏မယား ဖြစ်လာပါ၏။
ဝတ်ပြု 20:17 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် မိမိဖခင်၏သမီး၊ သို့မဟုတ် မိမိမိခင်၏သမီးဖြစ်သည့် မိမိအစ်မ၊ သို့မဟုတ် နှမကိုယူ၍ ဆက်ဆံခြင်းကိုပြုလျှင် ထိုအမှုသည် ရှက်ဖွယ်သောအမှုဖြစ်၏။ သူတို့သည် မိမိတို့၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သူသည် မိမိအစ်မ၊ သို့မဟုတ် နှမနှင့်ဆက်ဆံခြင်းကိုပြုသောကြောင့် ကိုယ့်အပြစ် ကိုယ်ခံရမည်။ Common Language Bible တစ်စုံတစ်ယောက်သည် မိမိ၏နှမအရင်းသို့မဟုတ်ဖအေတူမအေကွဲနှမနှင့်ထိမ်းမြားလျှင် သူတို့ကိုလူထုရှေ့မှောက်တွင်ရှုတ်ချ၍ ဣသရေလအမျိုးမှထုတ်ပယ်ရမည်။ သူသည်မိမိ၏နှမနှင့်ကာမစပ်ယှက်သောကြောင့်အပြစ်ကိုခံရမည်။- Garrad Bible လူ တစ် ဦး တစ် ယောက် သည် အ ဘ ပါ သ မီး သော် လည်း ကောင်း၊ အ မိ ပါ သ မီး သော် လည်း ကောင်း၊ နှ မ ကို သိမ်း ယူ ၍ ဆက် ဆံ လျှင် ရှက် ကြောက် ဖွယ် မှု ဖြစ် သော ကြောင့် အ မျိုး သား တို့ မျက် မှောက် တွင် ပင် ပယ် ရှား ခံ ကြ စေ။ ကိုယ့် နှ မ နှင့် ဆက် ဆံ သည့် အ လျောက် ဒု စ ရိုက် ဝန် ကို ထမ်း ရ မည်။ Judson Bible ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင်၊ မတရားသောအမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ရှေ့မှောက်၌ ပယ်ရှင်းခြင်းကိုခံရကြမည်။ ထိုယောက်ျားသည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကိုခံရမည်။ |
ထို့ပြင် သူသည် အမှန်ပင် အကျွန်ုပ်၏နှမဖြစ်ပါ၏။ အကျွန်ုပ်ဖခင်၏သမီးဖြစ်သော်လည်း အကျွန်ုပ်မိခင်၏သမီးမဟုတ်ပါ။ နောက်တွင် အကျွန်ုပ်၏မယား ဖြစ်လာပါ၏။
တာမာကလည်း သူ့အား “မလုပ်ပါနှင့် အစ်ကို။ အကျွန်ုပ်ကို အဓမ္မမပြုပါနှင့်။ အစ္စရေးလူမျိုးတွင် ဤသို့ပြုလေ့မရှိ။ ဤသို့ ယုတ်ညံ့သောအမှုကို မပြုပါနှင့်။
ထိုဆီမျိုးဖော်စပ်သောသူ၊ မဆိုင်သောသူအား ထိုဆီကိုလိမ်းပေးသောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
တစ်ယောက်က အိမ်နီးချင်းမယားနှင့် ဖောက်ပြန်၍ တစ်ယောက်က ချွေးမကို ညစ်ညမ်းအောင်ပြု၏။ တစ်ယောက်က အဖေတူအမေကွဲအစ်မ၊ သို့မဟုတ် နှမကို အဓမ္မပြုကျင့်၏။
သင်နှင့်တစ်အိမ်တည်း၌မွေးသော၊ သို့မဟုတ် အခြားတစ်နေရာရာ၌မွေးသော သင့်ဖခင်၏သမီး၊ သို့မဟုတ် သင့်မိခင်၏သမီးဖြစ်သည့် သင်၏နှမနှင့်ဆက်ဆံခြင်းကိုမပြုရ။
မိန်းမသည် တိရစ္ဆာန်တစ်ကောင်ကောင်ထံသို့ချဉ်းကပ်၍ မိတ်လိုက်ခြင်းကိုပြုလျှင် ထိုမိန်းမနှင့်တကွ တိရစ္ဆာန်ကိုပါ သတ်ရမည်။ သူတို့သည် မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
လင်ယောက်ျားသည် ထိုဒုစရိုက်ကြောင့် သင့်ရောက်မည့်အပြစ်ဒဏ်နှင့်ကင်းလွတ်၍ ထိုမိန်းမသည် ကိုယ့်အပြစ်ကိုယ်ခံရမည်”ဟု မိန့်တော်မူ၏။
‘မိမိဖခင်၏သမီး၊ သို့မဟုတ် မိမိမိခင်၏သမီးဖြစ်သည့် မိမိအစ်မ၊ သို့မဟုတ် နှမနှင့် မေထုန်ပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။