အကောင်းဆုံးဂျုံမှုန့်တို့ဖြင့် ပြုလုပ်ထားသောဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားထံယူဆောင်လာရမည်။ ယဇ်ပုရောဟိတ်ထံအပ်၍ သူသည် ယဇ်ပလ္လင်သို့ယူသွားရမည်။
ထိုပူဇော်သကာကိုထာဝရဘုရားထံ တော်သို့ယူဆောင်ခဲ့၍ ယဇ်ပုရောဟိတ်လက် သို့ပေးအပ်ရမည်။-
၎င်း ဝ တ္ထု များ ဖြင့် ပြင် ဆင် သော ဘော ဇဉ် သ က္ကာ ကို ထာ ဝ ရ ဘု ရား ရှေ့ တင် သွင်း ရာ ခံ ယူ သော ပ ရော ဟိတ် သည် ပ လ္လင် တော် အ နီး သို့ ကပ် ပြီး လျှင်၊
ထိုဘောဇဉ်ပူဇော်သကာ အမျိုးမျိုးတို့ကို၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အားဆက်ပြီးမှ၊ သူသည် ယဇ်ပလ္လင်သို့ဆောင်ခဲ့ရမည်။
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းကြလော့။ ယဇ်ပလ္လင်၏အမှုထမ်းတို့၊ ညည်းတွားကြလော့။ ငါ၏ဘုရားသခင်အမှုတော်ကိုထမ်းဆောင်သောသူတို့၊ လာကြ။ တစ်ညလုံး လျှော်တေအဝတ်ကိုဝတ်အိပ်ကြလော့။ အကြောင်းမူကား သင်တို့ဘုရားသခင်၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ကုန်ခန်းလေပြီ။
သင်သည် အိုးကင်းဖြင့် ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ဖြင့်လုပ်၍ ဆီဖြင့်ကြော်ရမည်။
ယဇ်ပုရောဟိတ်သည် ပူဇော်သက္ကာအမှတ်သညာကို ဘောဇဉ်ပူဇော်သက္ကာထဲမှယူ၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။