La Biblia Online

Anuncios


Toda la Biblia A.T. N.T.




လုကာ 2:43 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ပွဲတော်​ရက်​များ​ပြီးဆုံး​၍ သူ​တို့​ပြန်​ကြ​သောအခါ သူငယ်​ယေရှု​သည် ဂျေရုဆလင်​မြို့​၌​နေရစ်​လေ​၏။ မိဘ​တို့​သည် မ​သိ​ကြ​ဘဲ

Ver Capítulo

Common Language Bible

ပွဲ​တော်​ပြီး​ဆုံး​ချိန်​၌​အိမ်​သို့​ပြန်​ကြ​၏။ ထို အ​ခါ​သူ​ငယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှာ နေ​ရစ်​၏။ ထို​သို့​နေ​ရစ်​သည်​ကို​မိ​ဘ​များ မ​သိ​ကြ။-

Ver Capítulo

Garrad Bible

သွား မြဲ သွား လျက် ပွဲ ရက် ကုန်၍ ပြန် ကြ စဉ် သူ ငယ် တော် ယေ ရှု သည် ယေ ရု ရှ လင် မြို့ တွင် နေ ရစ်၏။

Ver Capítulo

Judson Bible

ပွဲ​နေ့​ရက်​လွန်​ပြီး​မှ မိ​ဘ​တို့​သည်​ပြန်​ကြ​လျှင်၊ သူ​ငယ်​ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​လေ၏။ ယော​သပ်​နှင့် မယ်​တော်​သည် ထို​အ​ကြောင်း​ကို မ​သိ၍၊-

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ပွဲ​ကျင်းပ ပြီးဆုံးချိန်​၌ သူတို့​သည် နာဇရက်မြို့​သို့ ပြန်ကြ၏။ သို့သော် သူငယ်​ယေရှု​သည် ဂျေရုဆလင်မြို့​၌ပင် နေရစ်လေ၏။ မိဘတို့​သည် သူတို့​နှင့်အတူ ယေရှု​မပါကြောင်း​ကို မသိကြ။

Ver Capítulo

မြန်မာ

ပွဲ​နေ့​ရက်​လွန်​ပြီး​မှ မိ​ဘ​တို့​သည်​ပြန်​ကြ​လျှင်၊ သူ​ငယ်​ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​လေ၏။ ယော​သပ်​နှင့် မယ်​တော်​သည် ထို​အ​ကြောင်း​ကို မ​သိ၍၊-

Ver Capítulo



လုကာ 2:43
5 Referencias Cruzadas  

ထို့နောက် ယုဒ​ဘုရင် အာမဇိ​မင်းကြီး​သည် စည်းဝေး​တိုင်ပင်​ပြီးမှ ယေဟု​မင်းကြီး​၏​မြေး​တော်​၊ ယောခတ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယောရှ​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍ “​လာ​ပါ​။ ငါ​တို့ ရင်ဆိုင်​တိုက်ခိုက်​ကြ​စို့​”​ဟု ပြောကြား​စေ​၏​။


ခုနစ်​ရက်​ပတ်လုံး​တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။ ပထမ​နေ့​၌​ပင် တဆေး​ကို သင်​တို့​၏​အိမ်​များ​မှ ဖယ်ရှား​ရ​မည်​။ အကြောင်းမူကား ပထမ​နေ့​မှစ၍ သတ္တမ​နေ့​တိုင်အောင် တဆေးပါသောမုန့်​ကို​စား​သော​သူ​တိုင်း အစ္စရေး​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။


ယေရှု​အသက်​တစ်ဆယ့်နှစ်​နှစ်​ရှိ​သောအခါ​၌​လည်း သူ​တို့​သည်​ပွဲတော်​၏​ဓလေ့​ထုံးစံ​အတိုင်း တက်​သွား​ကြ​၏။


ခရီးသွားဖော်​များ​ကြား​တွင် သူ​ရှိ​နေ​မည်​ဟု​ထင်မှတ်​လျက် တစ်နေ့တာ​ခရီး​ပြု​ကြ​၏။ ထို့နောက် အဆွေအမျိုး​အသိအကျွမ်း​တို့​ကြား​တွင် လိုက်ရှာ​သော်လည်း