အကျွန်ုပ်သည် ဝတ်ရုံကိုချွတ်ပြီးပါပြီ၊ ပြန်ဝတ်ရမည်လော။ ခြေကိုဆေးပြီးပါပြီ၊ ညစ်ပေအောင် ပြန်လုပ်ရမည်လော။
ငါချစ်ရာသခင်သည် လက်တော်ကိုတံခါးပေါက် အထဲသို့ သွင်းတော်မူသည်ဖြစ်၍၊ သူ့ကိုချစ်သနားသော စိတ် အားကြီးသဖြင့်၊
ကျွန် မ မှာ နေ့ အ ဝတ် ကို ချွတ် ပါ ပြီ။ မည် သို့ ပြန် ဝတ် ရ အံ့ နည်း။ ခြေ ကို ဆေး ပါ ပြီ။ မည် သို့ ပြန် ညစ် ရ အံ့ နည်း ဟု ပြန် ပြော သော်၊
ကျွန်မသည် အဝတ်ကိုချွတ်ပါပြီ။ အဘယ်ကြောင့် ဝတ်ပြန်ရမည်နည်း။ ခြေကိုလည်းဆေးပါပြီ။ တစ်ဖန်ညစ်အောင် အဘယ်ကြောင့် ပြုရပါမည်နည်း။
“အကျွန်ုပ်၏သခင်တို့၊ သခင်တို့၏အစေအပါးအိမ်သို့လိုက်ခဲ့၍ ညအိပ်နားကြပါ။ သခင်တို့၏ခြေကိုလည်းဆေးနိုင်ပါသည်။ စောစောထပြီးမှလည်း ခရီးဆက်နိုင်ပါသည်”ဟု ဆိုလေ၏။ သူတို့ကလည်း “မလိုက်တော့ပါ။ ငါတို့သည် ဤကွင်းပြင်၌ ညအိပ်နားမည်”ဟု ဆိုကြ၏။
ပျင်းရိသောသူ၏စိတ်ဝိညာဉ်သည် တောင့်တသော်လည်း မည်သည့်အရာကိုမျှမရနိုင်။ ဝီရိယရှိသောသူတို့၏စိတ်ဝိညာဉ်မူကား ကြွယ်ဝလိမ့်မည်။
ပျင်းရိသောသူက “အပြင်ဘက်၌ ခြင်္သေ့ရှိ၏။ ငါသည် လမ်းမပေါ်တွင် ကိုက်သတ်ခံရလိမ့်မည်”ဟု ဆိုတတ်၏။
သင်၌အဆင်သင့်ရှိလျက်နှင့် သင်၏အိမ်နီးချင်းအား “သွားလော့။ နောက်တစ်ဖန်ပြန်လာလော့။ မနက်ဖြန်မှ ငါပေးမည်”ဟု မပြောနှင့်။
သတို့သားသည် ကြန့်ကြာနေသောကြောင့် သူတို့အားလုံးသည် ငိုက်မျဉ်း၍ အိပ်ပျော်ကြ၏။
ထိုသူက ‘ငါ့ကိုအနှောင့်အယှက်မပေးပါနှင့်။ တံခါးပိတ်ထားပြီ။ ငါ့သားသမီးများသည်လည်း ငါနှင့်အတူအိပ်ရာဝင်ကြပြီ။ ငါသည်ထ၍ သင့်အား မည်သည့်အရာကိုမျှမပေးနိုင်ပါ’ဟု အိမ်တွင်းမှ ပြန်ပြောလိမ့်မည်။