ထို့နောက် ကိုယ်တော်သည် လူအပေါင်းတို့ကို စိမ်းလန်းသောမြက်ခင်းပေါ်၌ အစုလိုက်ထိုင်စေရန် တပည့်တော်တို့အား အမိန့်ပေးတော်မူ၏။
ရှင်မာကု 6:40 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည်လည်း တစ်ရာစီ၊ ငါးဆယ်စီ အစုလိုက်ထိုင်ကြ၏။ Common Language Bible လူတို့သည်အစုလိုက်တစ်ရာစီ၊ ငါးဆယ်စီ၊ စီတန်း၍ထိုင်ကြ၏။- Garrad Bible တစ် ရာ စု၊ ငါး ဆယ် စု၊ ထိုင် နေ ကြ ပြီး နောက်၊ Judson Bible သူတို့သည် တစ်ရာတစ်စု၊ ငါးဆယ်တစ်စု၊ အစုစုလျောင်းကြလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့သည်လည်း တစ်စုလျှင် တစ်ရာတစ်စု၊ ငါးဆယ်တစ်စုဖြင့် အသီးသီး အုပ်စုဖွဲ့၍ ထိုင်ကြ၏။ မြန်မာ သူတို့သည် တစ်ရာတစ်စု၊ ငါးဆယ်တစ်စု၊ အစုစုလျောင်းကြလျှင်၊- |
ထို့နောက် ကိုယ်တော်သည် လူအပေါင်းတို့ကို စိမ်းလန်းသောမြက်ခင်းပေါ်၌ အစုလိုက်ထိုင်စေရန် တပည့်တော်တို့အား အမိန့်ပေးတော်မူ၏။
ထိုအခါ ကိုယ်တော်သည် မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုယူ၍ မိုးကောင်းကင်သို့မျှော်ကြည့်ကာ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ လူတို့ကိုဝေပေးရန် တပည့်တော်တို့အားပေးတော်မူ၏။ ငါးနှစ်ကောင်ကိုလည်း လူအပေါင်းတို့အား ခွဲဝေပေးတော်မူ၏။