ထိုအခါ ငါကြည့်လိုက်သော် လူနှင့်တူသောသဏ္ဌာန်တစ်ခုကို တွေ့ရ၏။ ထိုသူ၏ခါးအောက်ပိုင်းသည် မီးကဲ့သို့ဖြစ်၏။ ခါးအပေါ်ပိုင်းသည် တောက်ပသောကြေးဝါအဆင်းရှိ၏။
ငါသည်မော်၍ကြည့်လိုက်သောအခါမီးလျှံတောက်နေသောလူပုံသဏ္ဌာန်တစ်ခုကိုမြင်ရ၏။ သူ၏ခါးမှခြေဖျားအထိအောက်ပိုင်းတစ်ခုလုံးသည်မီးနှင့်တူ၍ အထက်ပိုင်းတစ်ခုလုံးမှာတိုက်ချွတ်ထားသည့်ကြေးဝါသဖွယ်တောက်ပလျက်နေ၏။-
ငါ ရှု မြင် ရာ ခါး သဏ္ဌာန် အောက်၌ မီး၊ ခါး အ ထက်၌ ပ ယင်း ရောင် သ ဖွယ် ရောင် ခြည် သဏ္ဌာန် ဆောင် သော၊ မီး သဏ္ဌာန် အ သွင် တစ် ပါး ကို မြင် ရ၏။
ထိုအခါ ငါကြည့်ရှု၍၊ မီးအရောင်ကဲ့သို့သော ပုံသဏ္ဌာန်သည် ထင်ရှား၏။ ခါးသဏ္ဌာန်မှသည် အောက်ပိုင်း၌ မီးအရောင်ကဲ့သို့လည်းကောင်း၊ အထက်ပိုင်း၌ ဟရှမေလရွှေအရောင်ကဲ့သို့လည်းကောင်း ထင်ရှား၏။
ငါကြည့်လိုက်သော် မြောက်ဘက်အရပ်မှ လေပြင်းမုန်တိုင်း လာနေသည်ကို မြင်ရ၏။ ထိုလေပြင်းမုန်တိုင်းတွင် မီးတောက်မီးလျှံဖြင့်လင်းလက်နေသော တိမ်တိုက်ကြီးပါလာ၍ တိမ်တိုက်ကြီးပတ်ပတ်လည်တွင် ထွန်းလင်းတောက်ပလျက်ရှိ၏။ မီးတောက်မီးလျှံအလယ်တွင် အရောင်တောက်နေသော ကြေးဝါကဲ့သို့သောအရာတစ်ခုလည်းပါ၏။
ထိုအရပ်သို့ရောက်၍ ငါကြည့်လိုက်ရာ ကြေးနီအဆင်းနှင့်တူသောလူတစ်ယောက်ကို တွေ့၏။ ထိုသူသည် တိုင်းတာစရာ ချည်ကြိုးနှင့်ကျူချောင်းတစ်ချောင်းကို ကိုင်ထားလျက် မုခ်ဆောင်တံခါးတွင် ရပ်နေ၏။
ဆဋ္ဌမနှစ်၊ ဆဋ္ဌမလ၊ ငါးရက်နေ့တွင် ငါသည် အိမ်၌ထိုင်နေ၍ ယုဒလူသက်ကြီးဝါကြီးတို့သည်လည်း ငါ့ရှေ့၌ထိုင်နေကြစဉ် ဘုရားရှင်ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ် သက်ရောက်လာ၏။
ထိုသူ၏ကိုယ်ခန္ဓာမှာ ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ မျက်နှာမှာ လျှပ်စီးလက်သကဲ့သို့ ဖြစ်၏။ မျက်စိသည်လည်း မီးတောက်နေသောမီးတုတ်ကဲ့သို့ ဖြစ်၏။ လက်နှင့်ခြေသည် ပြောင်လက်အောင်တိုက်ချွတ်ထားသောကြေးနီနှင့် တူ၏။ သူ၏စကားသံသည် လူအုပ်ကြီး၏အသံနှင့် တူ၏။