အနောက်ဘက်တွင် မြေကွက်လပ်ဘက်မျက်နှာမူသော အဆောက်အအုံတစ်ခုရှိ၏။ အနံအတောင်ခုနစ်ဆယ်၊ အလျားအတောင်ကိုးဆယ်ရှိ၏။ အဆောင်ပတ်ပတ်လည်ရှိ နံရံ၏အထူမှာ ငါးတောင်ရှိ၏။
ယေဇကျေလ 41:14 - မြန်မာ့စံမီသမ္မာကျမ်း မြေကွက်လပ်အပါအဝင် အိမ်တော်၏အရှေ့မျက်နှာစာအကျယ်မှာ အတောင်တစ်ရာရှိ၏။ Common Language Bible ဝဲယာမှမြေလွတ်အပါအဝင်ဗိမာန်တော် မျက်နှာစာကိုဖြတ်၍တိုင်းတာကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိလေသည်။- Garrad Bible ဗိ မာန် တော် အ နံ နှင့် တ ကွ၊ အ ရှေ့ ဘက် မ ဟာ ရံ ကို အ တောင် တစ် ရာ၊ Judson Bible အရှေ့မျက်နှာ၌ လွတ်လပ်သောအရပ်ပါလျက်၊ အိမ်တော်ဦးအတိုင်းအရှည်လည်း အတောင်တစ်ရာရှိ၏။ |
အနောက်ဘက်တွင် မြေကွက်လပ်ဘက်မျက်နှာမူသော အဆောက်အအုံတစ်ခုရှိ၏။ အနံအတောင်ခုနစ်ဆယ်၊ အလျားအတောင်ကိုးဆယ်ရှိ၏။ အဆောင်ပတ်ပတ်လည်ရှိ နံရံ၏အထူမှာ ငါးတောင်ရှိ၏။
ထို့နောက် အိမ်တော်ကိုတိုင်းရာ အရှည်အတောင်တစ်ရာရှိ၏။ မြေကွက်လပ်၊ အဆောက်အအုံနှင့် အဆောက်အအုံနံရံအပါအဝင် အရှည်အတောင်တစ်ရာရှိ၏။
အိမ်တော်၏အနောက်ဘက် မြေကွက်လပ်ကို မျက်နှာမူထားသော အဆောက်အအုံ၏အလျားနှင့် အိမ်တော်တစ်ဖက်တစ်ချက်ရှိ လျှောက်လမ်းကိုတိုင်းရာ အတောင်တစ်ရာစီရှိ၏။ ဗိမာန်တော်အပြင်ခန်း၊ အတွင်းခန်းနှင့် ဗိမာန်တော်ဆင်ဝင်တို့ကိုလည်း တိုင်း၏။
အပြင်ဝင်းအနီးတွင်ရှိသော အဆောင်၏အရှည်မှာ အတောင်ငါးဆယ်ရှိ၏။ ဗိမာန်တော်အနီးတွင်ရှိသော အဆောင်၏အရှည်မှာ အလျားအတောင်တစ်ရာရှိ၏။