ဂေရရှုံသားမြေးတို့ကိုမူ မနာရှေအမျိုးအနွယ်တစ်ဝက်၏မျိုးနွယ်စုထံမှ ဗာရှန်ပြည်ရှိဂေါလန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ အာရှတရုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
ယောရှု 13:31 - မြန်မာ့စံမီသမ္မာကျမ်း ဂိလဒ်ပြည်တစ်ဝက်နှင့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏မင်းနေပြည်တော်မြို့များဖြစ်သည့် အာရှတရုတ်မြို့နှင့်ဧဒြိမြို့တို့ဖြစ်၏။ ဤသည်ကား မျိုးနွယ်စုအလိုက် မနာရှေ၏သား မာခိရ၏သားမြေးတစ်ဝက်တို့ရသောအမွေမြေဖြစ်၏။ Common Language Bible ဂိလဒ်ပြည်တစ်ဝက်နှင့်သြဃမင်းအစိုးရ သောဗာရှန်ပြည်၏မြို့တော်များဖြစ်သည့် အာရှတရုတ်မြို့နှင့်ဧဒြိမြို့များလည်း ပါဝင်သည်။ အထက်ဖော်ပြပါနယ်မြေသည် မနာရှေ၏သားမာခိရ၏မိသားစုတစ် ဝက်တို့အတွက်ဝေစုဖြစ်သည်။ Garrad Bible ဗာ ရှန် ပြည့် ရှင် သြ ဃ မင်း စံ နေ ခဲ့ သော မြို့ တော်၊ အာ ရှ တ ရုတ် မြို့ နှင့် ဧ ဒြိ မြို့ များ တည်း။ မ နာ ရှေ့ သား မာ ခိ ရ အ ဆက် တစ် ဝက်၊ အိမ် ထောင် အ လိုက်၊ ထို သို့ ပိုင် ရ ကြ၏။ Judson Bible ဂိလဒ်ပြည်တစ်ဝက်၊ ဗာရှန်ပြည်၌ ဩဃ၏နိုင်ငံအဝင်၊ အာရှတရုတ်မြို့နှင့် ဧဒြိမြို့တို့ကို မနာရှေသား မာခိရ၏သားမြေးတစ်ဝက် အဆွေအမျိုးအလိုက် ပိုင်ရကြ၏။ |
ဂေရရှုံသားမြေးတို့ကိုမူ မနာရှေအမျိုးအနွယ်တစ်ဝက်၏မျိုးနွယ်စုထံမှ ဗာရှန်ပြည်ရှိဂေါလန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ အာရှတရုတ်မြို့နှင့်ဝန်းကျင်ရှိစားကျက်မြေများ၊
ဂိလဒ်ပြည်ကို ငါပိုင်၏။ မနာရှေပြည်ကိုလည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည် ငါ၏သံခမောက်ဖြစ်ပြီး ယုဒပြည်သည် ငါ၏ကျိုင်းတော်ဖြစ်၏။
နဿလိနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် မနာရှေအမျိုး၏ဝေစုဖြစ်ရမည်။
အာရှတရုတ်မြို့နှင့်ဧဒြိမြို့တို့၌စိုးစံသော ရေဖိမ်လူမျိုးအကြွင်းအကျန် ဗာရှန်ဘုရင်ဩဃမင်းကြီး ပိုင်နက်ဖြစ်သည့်
အာရှတရုတ်မြို့နှင့် ဧဒြိမြို့၌ စိုးစံသော ရေဖိမ်လူမျိုးအကြွင်းအကျန်တစ်ဦးဖြစ်သည့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံတစ်နိုင်ငံလုံး ဖြစ်၏။ မောရှေသည် ထိုဘုရင်တို့ကို ကွပ်မျက်၍ သူတို့၏ပြည်ကို သိမ်းပိုက်ခဲ့၏။
ဤရွေ့ကား ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဂျေရိခေါမြို့အရှေ့ဘက် မောဘလွင်ပြင်တွင် မောရှေခွဲဝေပေးခဲ့သောအမွေမြေများဖြစ်၏။
မနာရှေအမျိုးအနွယ်သည် ဂျော်ဒန်မြစ်အရှေ့ဘက်ရှိ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်အပါအဝင် အခြားအမွေမြေဝေစုဆယ်စုကိုလည်း ရသေး၏။
အကြောင်းမူကား မနာရှေအမျိုးအနွယ်၏သမီးတို့သည် သားတို့နှင့်အတူ အမွေရရှိသောကြောင့်ဖြစ်၏။ ကျန်ရှိသောမနာရှေအမျိုးသားတို့သည် ဂိလဒ်ပြည်ကိုအမွေရကြ၏။
ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိလူမျိုးတို့၏ရှင်ဘုရင်နှစ်ပါးဖြစ်သော ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီးနှင့် အာရှတရုတ်မြို့၌နေသော ဗာရှန်ဘုရင်ဩဃမင်းကြီးတို့၌ ပြုတော်မူခဲ့သမျှတို့ကိုလည်းကောင်း ကြားသိသောအခါ
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ သူတို့သည် ထာဝရဘုရားကို ဝတ်မပြု၊ ထာဝရဘုရားကို စွန့်ပယ်၍ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ဆီးရီးယားဘုရား၊ ဆီဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြုကြ၏။
ဂိလဒ်အမျိုးသည် ဂျော်ဒန်မြစ်တစ်ဖက်၌ပင် နေနေကြပါသည်တကား။ ဒန်အမျိုးကား အဘယ်ကြောင့် သင်္ဘောများပေါ်၌ နေရစ်ရသနည်း။ အာရှာအမျိုးကလည်း ပင်လယ်ကမ်းခြေ၌သာ ထိုင်နေကြပါသည်တကား၊ ပင်လယ်ဆိပ်ကမ်း၌သာ နေထိုင်ကြပါသည်တကား။
ထိုအခါ သူတို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော့်ကို ပြစ်မှားမိပါပြီ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ထာဝရဘုရားကိုစွန့်ပယ်၍ ဗာလဘုရားများနှင့် အာရှတရက်ဘုရားများကိုဝတ်ပြုကြပါ၏။ သို့သော် ယခု အကျွန်ုပ်တို့ကို ရန်သူတို့လက်မှ ကယ်နုတ်တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော့်ကိုဝတ်ပြုကြပါမည်’ဟု ထာဝရဘုရားထံ အော်ဟစ်ကြ၏။
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။