“သင်တို့သည် လူဖြစ်၍ သင်တို့သေလျှင် ဉာဏ်ပညာသည်လည်း သင်တို့နှင့်အတူ သေသွားလိမ့်မည်မှာ ယုံမှားဖွယ်မရှိ။
ယောဘဝတ္တု။ 5:27 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ငါတို့ရှာဖွေသိရှိသောအရာဖြစ်၏။ ဤအမှန်တရားကို သင်နာယူသိမှတ်ပါလော့”ဟု ဆိုလေ၏။ Common Language Bible ဤအမှုကို ငါတို့သည် စစ်ဆေး၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင်ပါ။ အသင့်နှလုံးသွင်း ထားပါဟု မြွက်ဆို၏။ Garrad Bible ကြည့် ပါ လော့။ ဤ အ ကြောင်း အ ရာ ကို ကျွန်ုပ် တို့ စီ စစ် လျက်၊ ထို သို့ မှန် ပါ၏။ ကိုယ့် ကောင်း စား ခြင်း အ လို့ ငှာ၊ နား ထောင် သိ မှတ် ပါ လော့ ဟု မြွက် ဆို၏။ Judson Bible ဤအမှုကို ငါတို့သည် စစ်ဆေး၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင်ပါ။ အသင့်နှလုံးသွင်းထားပါဟု မြွက်ဆို၏။ |
“သင်တို့သည် လူဖြစ်၍ သင်တို့သေလျှင် ဉာဏ်ပညာသည်လည်း သင်တို့နှင့်အတူ သေသွားလိမ့်မည်မှာ ယုံမှားဖွယ်မရှိ။
စင်စစ် ဤအရာအားလုံးကို ငါ့မျက်စိဖြင့်မြင်ရပြီ၊ ငါ့နားဖြင့်ကြားရ၍ နားလည်ပြီ။
“ပညာရှိသည် မိမိကောင်းကျိုးအတွက် ပြုနိုင်သကဲ့သို့ လူသည် ဘုရားသခင်၏ကောင်းကျိုးအတွက် ပြုနိုင်မည်လော။
အချိန်တန်လျှင် စုသိမ်းခြင်းကိုခံရသောကောက်လှိုင်းကဲ့သို့ သင်သည်လည်း အိုမင်းသောအခါ သင်္ချိုင်းတွင်းသို့ ရောက်ရလိမ့်မည်။
ထာဝရဘုရားပြုတော်မူသောအမှုတို့သည် ကြီးမြတ်လှပေ၏။ ထိုအမှုတို့ကို နှစ်သက်သောသူအပေါင်းတို့သည် ၎င်းတို့ကို ရှာဖွေလေ့လာကြ၏။
သင်သည် ဉာဏ်ပညာရှိလျှင် ထိုဉာဏ်ပညာရှိခြင်းသည် သင့်အတွက်ဖြစ်၏။ သင်သည် ပြက်ရယ်ပြုလျှင် သင်သာ ခံရလိမ့်မည်။
သင်ကောင်းစားမည့်အကြောင်း သင့်အား ယနေ့ ငါဆင့်ဆိုသော ထာဝရဘုရား၏ပညတ်ချက်၊ ပြဋ္ဌာန်းချက် တို့ကို စောင့်ထိန်းရမည် စသည်တို့ကိုသာ တောင်းဆိုသည်မဟုတ်လော။