ယောဘဝတ္တု။ 40:22 - မြန်မာ့စံမီသမ္မာကျမ်း ကြာပင်သည် သူ့ကို အရိပ်မိုးပေး၏။ ချောင်းနံဘေးရှိမိုးမခပင်များသည် သူ့ကိုဝိုင်းရံထား၏။ Common Language Bible ထိုအပင်တို့သည် အရိပ်နှင့်လွှမ်းမိုး၍ ချောင်း နားမိုဃ်းမခပင်တို့သည် ဝိုင်းကြ၏။ Garrad Bible မြစ် နား ရှိ မိုး မ ခ ပင် များ လည်း ဝိုင်း ကာ လျက် ရှိ၏။ Judson Bible ထိုအပင်တို့သည် အရိပ်နှင့်လွှမ်းမိုး၍ ချောင်းနားမိုးမခပင်တို့သည် ဝိုင်းကြ၏။ |
မြစ်ရေကြီးသော်လည်း သူသည် ထိတ်လန့်ခြင်းမရှိ။ ဂျော်ဒန်မြစ်ရေသည် သူ့နှုတ်သီးကို အရှိန်နှင့်တိုက်သွားလျှင်ပင် သူမမှုပါ။
ထို့ကြောင့် သူတို့သည် မိမိတို့သိုမှီးထားသောဥစ္စာနှင့် သိုလှောင်ထားသောအရာများကို မိုးမခပင်ပေါက်ရာချောင်းတစ်ဖက်ကမ်းသို့ သယ်ဆောင်သွားကြလိမ့်မည်။
ထိုပြည်မှ မျိုးစေ့အချို့ကိုယူပြီး ရေဝသောမြေပေါ်မှာ စိုက်ထားသောမိုးမခပင်ကဲ့သို့ မြေဩဇာကောင်းသောမြေတွင် စိုက်ထား၏။
သင်တို့သည် ပထမနေ့၌ ကောင်းသောအပင်၏အသီး၊ စွန်ပလွံခက်များ၊ အရွက်ဝေဆာသောအပင်၏အကိုင်း၊ ချောင်းဘေးရှိမိုးမခပင်များကို ယူ၍ ခုနစ်ရက်ပတ်လုံး သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဝမ်းမြောက်ကြရမည်။