ယောဘကို ပြန်မချေပနိုင်ဘဲ အပြစ်ကိုသာတင်ကြသော ယောဘ၏မိတ်ဆွေသုံးယောက်ကိုလည်း အမျက်ထွက်လေ၏။
ယောဘဝတ္တု။ 32:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် ဧလိဟုထက်အသက်ကြီးသောကြောင့် ဧလိဟုသည် ယောဘနှင့်စကားပြောရဖို့ စောင့်နေရ၏။ Common Language Bible ဧလိဟုသည် သူတို့ထက်အသက်ငယ်သော ကြောင့်၊ ယောဘပြောသော စကားမကုန်မှီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။ Garrad Bible ထို သူ တို့ သည် ဧ လိ ဟု ထက် အ သက် ကြီး သည် နှင့် အ ညီ၊ ယော ဘ အား ပြော ခွင့် ရ ရန် ဧ လိ ဟု ဆိုင်း လင့် သော် လည်း၊ Judson Bible ဧလိဟုသည် သူတို့ထက် အသက်ငယ်သောကြောင့်၊ ယောဘပြောသော စကားမကုန်မီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။ |
ယောဘကို ပြန်မချေပနိုင်ဘဲ အပြစ်ကိုသာတင်ကြသော ယောဘ၏မိတ်ဆွေသုံးယောက်ကိုလည်း အမျက်ထွက်လေ၏။
သူတို့သုံးဦးစလုံး၏နှုတ်၌ ချေပစရာစကားတစ်ခွန်းမျှမရှိသည်ကို မြင်သောအခါ ဧလိဟုအမျက်ထွက်လေ၏။
ကောင်းစွာနားမထောင်မီ ဖြေဆိုခြင်းသည် ထိုသို့ဖြေဆိုသောသူအတွက် မိုက်မဲခြင်းနှင့် အသရေပျက်ခြင်းဖြစ်တတ်၏။
ဆုတ်ဖြဲရသောအချိန်နှင့် ချုပ်လုပ်ရသောအချိန်ရှိ၏။ တိတ်တဆိတ်နေရသောအချိန်နှင့် စကားပြောရသောအချိန်ရှိ၏။
ဆံပင်ဖြူသူကို အရိုအသေပေးရမည်။ အသက်ကြီးသူကို လေးစားရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။