လူသတ်သမားသည် အရုဏ်တက်ချိန်တွင် ထ၍ ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို သတ်တတ်၏။ ညဘက်တွင်မူကား သူသည် သူခိုးကဲ့သို့ဖြစ်၏။
ယောဘဝတ္တု။ 24:4 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် နွမ်းပါးသောသူတို့ကို လမ်းပေါ်မှတွန်းဖယ်တတ်ကြ၏။ အဖိနှိပ်ခံရသောပြည်သားတို့သည် စုပြီးပုန်းရှောင်နေရကြ၏။ Common Language Bible ငတ်မွတ်သော သူတို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသောပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက် နေရကြ၏။ Garrad Bible ထို့ ကြောင့်၊ သူ ဆင်း ရဲ တို့ ကို လမ်း ဖဲ ကြ စေ သည့် အ တိုင်း၊ ထို နိမ့် ကျ သူ မြေ ကြီး သား တို့ တစ် ပြိုင် နက် ရှောင် သွား ကြ ပြီး လျှင်၊ မြင်း ရိုင်း များ ကဲ့ သို့၊ တော၌ အ စာ ရှာ ခြင်း အ လုပ် ကို လုပ် ရန် ထွက် သွား ရာ၊ တော၌ ပင် သူ ငယ် တို့ စား ရန် အ စာ ကို ရ ကြ ရှာ လေ၏။ Judson Bible ငတ်မွတ်သောသူတို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသောပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက်နေရကြ၏။ |
လူသတ်သမားသည် အရုဏ်တက်ချိန်တွင် ထ၍ ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို သတ်တတ်၏။ ညဘက်တွင်မူကား သူသည် သူခိုးကဲ့သို့ဖြစ်၏။
ငါသည် အကူအညီအော်ဟစ်တောင်းခံသောဆင်းရဲသားနှင့် အကူအညီမဲ့သောဖတဆိုးတို့ကို ကယ်မပေးခဲ့၏။
နွမ်းပါးသူတို့အဖို့ ဖခင်၊ သူစိမ်းတို့၏အမှုကိစ္စကို ကူညီဖြေရှင်းပေးခဲ့သူဖြစ်၏။
ဒုက္ခရောက်သောသူအတွက် ငါမငိုကြွေးဘဲနေခဲ့သလော။ နွမ်းပါးသောသူအတွက် ငါဝမ်းမနည်းဘဲနေခဲ့သလော။
ငါသည် ဆင်းရဲသားတို့ တောင်းဆိုသည်ကို မဖြည့်ဆည်းပေးဘဲ မုဆိုးမမျက်နှာကိုလည်း ညှိုးငယ်စေခဲ့ဖူးသလော။
ဝတ်စရာမရှိ၊ ခြုံစရာမရှိသဖြင့် ဘဝပျက်နေရသည့်နွမ်းပါးသူတစ်စုံတစ်ဦးကို မြင်ရသောအခါ
အကြောင်းမူကား သူသည် မေတ္တာကရုဏာပြရန် မစဉ်းစားဘဲ အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူနှင့် စိတ်နှလုံးကြေကွဲသောသူကို လိုက်လံသတ်ဖြတ်ခဲ့၏။
ဆင်းရဲသောသူကို ဂရုပြုသောသူသည် မင်္ဂလာရှိ၏။ ဒုက္ခရောက်သောနေ့၌ ထာဝရဘုရားသည် သူ့ကိုလွတ်မြောက်စေတော်မူမည်။
ဆင်းရဲသောသူကို နှိပ်စက်သောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ နွမ်းပါးသောသူကို သနားသောသူမူကား ကိုယ်တော်ကို ရိုသေလေးမြတ်သောသူဖြစ်၏။
မိမိဥစ္စာတိုးပွားစေရန် ဆင်းရဲသောသူကိုနှိပ်စက်သောသူ၊ သို့မဟုတ် ချမ်းသာသောသူကို ပေးကမ်းသောသူသည် အမှန်ပင် ချို့တဲ့နွမ်းပါးခြင်းသို့ရောက်လိမ့်မည်။
ဖြောင့်မတ်သောသူတို့ အောင်ပွဲခံကြသောအခါ ကြီးစွာသောဂုဏ်ကျက်သရေရှိ၏။ ဆိုးယုတ်သောသူတို့ ခေါင်းထောင်လာသောအခါ၌မူကား လူတို့သည် ပုန်းရှောင်တတ်ကြ၏။
ဆိုးယုတ်သောသူတို့ခေါင်းထောင်လာသောအခါ လူတို့သည် ပုန်းရှောင်တတ်ကြ၏။ သူတို့ပျက်စီးသွားသောအခါ၌မူကား ဖြောင့်မတ်သောသူတို့သည် တိုးပွားကြလိမ့်မည်။
အဖိနှိပ်ခံရသောသူတို့ကို မြေကြီးပေါ်မှလည်းကောင်း၊ နွမ်းပါးသောသူတို့ကို လူထုထဲမှလည်းကောင်း ဝါးမျိုပစ်ရန် သန်လျက်ကဲ့သို့သောသွားနှင့် ဓားကဲ့သို့သောအစွယ်ရှိသောသူများရှိ၏။
ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို နိုင်ထက်စီးနင်းပြုခြင်း၊ သူတစ်ပါးဥစ္စာကို မတရားယူ၍ အပေါင်ပစ္စည်းကိုပြန်မပေးခြင်း၊ ရုပ်တုတို့ကိုကိုးကွယ်ခြင်း၊ စက်ဆုပ်ရွံရှာဖွယ်ရာတို့ကိုပြုခြင်း၊
သူ၏ဖခင်သည် ညီအစ်ကိုတို့ကို ရက်ရက်စက်စက်နှိပ်စက်၍ သူတို့၏ဥစ္စာကို မတရားလုယူပြီး မိမိလူမျိုးတို့တွင် မကောင်းသောအမှုကိုပြုကျင့်သောကြောင့် ကြည့်ရှုလော့။ သူသည် မိမိအပြစ်အတွက်သေရလိမ့်မည်။
ပြည်သားတို့သည်လည်း အကျင့်ဆိုးကို ကျင့်ကြ၏။ ခိုးဆိုးတိုက်ခိုက်ကြ၏။ ဆင်းရဲနွမ်းပါးသောသူတို့အား နိုင်ထက်စီးနင်းပြုကြ၏။ တိုင်းတစ်ပါးသားတို့အား မတရားနှိပ်စက်ကြ၏။
ဆင်းရဲသားတို့၏ခေါင်းကို မြေမှုန့်၌နင်းချေပြီး စိတ်နှိမ့်ချသောသူတို့ လျှောက်သောလမ်းကို ကာဆီးကြပြီ။ သားအဖနှစ်ယောက်က မိန်းမတစ်ယောက်တည်းနှင့်ပေါင်းဖော်ပြီး သန့်ရှင်းသောငါ့နာမကို ညစ်ညူးစေလေပြီ။
ဆင်းရဲသားတို့ကိုနှိပ်စက်ပြီး နွမ်းပါးသူတို့ကိုညှဉ်းဆဲကာ မိမိသခင်တို့ကိုပင် “ငါတို့အတွက် သောက်စရာယူခဲ့ပါ”ဟု ဆိုတတ်သော ရှမာရိတောင်ပေါ်မှ ဗာရှန်နွားမတို့၊ ဤစကားကို နားထောင်ကြလော့။