La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယောဘဝတ္တု။ 16:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ့​နှုတ်​ဖြင့် သင်​တို့​ကို အားပေး​မည်​။ ငါ့​နှုတ်ခမ်း​မှ​နှစ်သိမ့်ပေးမှု​သည် သက်သာ​ရာ​ကို ရ​စေ​မည်​။

Ver Capítulo

Common Language Bible

ထိုသို့ငါသည်မပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီးသောစကားကို ငါချုပ်တည်းမည်။

Ver Capítulo

Garrad Bible

နှုတ် ဖြင့် သင် တို့ ကို ခိုင် ခံ့ စေ၍၊ နှုတ် ခမ်း လှုပ် ရုံ မျှ နှင့် ပြေ ပျောက် စေ နိုင်၏။

Ver Capítulo

Judson Bible

ထို​သို့​ငါ​သည်​မ​ပြု​ဘဲ၊ သင်​တို့​ကို ငါ့​စ​ကား​နှင့် မ​စ​မည်။ အ​ချည်း​နှီး​သော​စ​ကား​ကို ငါ​ချုပ်​တည်း​မည်။

Ver Capítulo



ယောဘဝတ္တု။ 16:5
11 Referencias Cruzadas  

ငါ​သည်​လည်း သင်​တို့​ကဲ့သို့ ပြော​တတ်​ပါ​၏​။ သင်​တို့​နေရာ​မှာ ငါ​ဖြစ်​လျှင် ငါ​သည် ခေါင်းခါ​လျက် ရေပက်မဝင်​အောင် သင်​တို့​ကို ပြန်ပြော​နိုင်​ပါ​၏​။


ယခုမှာ ငါ​စကားပြော​လျှင်လည်း ငါ့​ဝေဒနာ မ​သက်သာ​ပါ​။ ငါ​မပြော​ဘဲ​နေ​လျှင်လည်း ငါ့​ဝေဒနာ ပျောက်ကင်း​သွား​ပါ​မည်လော​။


ငါ​သည် ခေါင်းဆောင်​နေရာ​တွင်​နေ​၍ သူ​တို့​ကို လမ်းညွှန်​ပြသ​ပေး​ခဲ့​၏​။ စစ်သည်​တို့​ခြံရံ​ထား​သော​ရှင်ဘုရင်​ကဲ့သို့​လည်းကောင်း​၊ ငိုကြွေးမြည်တမ်း​သူ​ကို နှစ်သိမ့်ပေး​သူ​ကဲ့သို့​လည်းကောင်း ဖြစ်​ခဲ့​၏​။


မျှော်လင့်ချက်မဲ့​သူ​အဖို့ မိတ်ဆွေ​ထံမှ မေတ္တာ​ကို ခံရ​သင့်​ပေ​၏​။ သို့ဖြစ်လျှင် သူ​သည် အနန္တတန်ခိုးရှင်​အား ကြောက်ရွံ့ရိုသေ​ခြင်း​ကို စွန့်ပယ်​မည်​မ​ဟုတ်​ပေ​။


မှန်ကန်​သော​စကား​သည် မည်မျှ​နာကျင်​စေ​သနည်း​။ သင်​တို့​ဆုံးမ​သော​ဆုံးမစကား​မူကား မည်သို့​နည်း​။


ထာဝရဘုရား​ကို စောင့်မျှော်​လော့​။ အားယူ​၍ သင်​၏​စိတ်နှလုံး​ကို​ရဲရင့်​စေ​လော့​။ ထာဝရဘုရား​ကို စောင့်မျှော်​လော့​။


သံ​သည် သံ​ကို​ထက်​စေ​သကဲ့သို့ လူ​သည်​လည်း အခြားသောသူ​ကို​ထက်မြက်​စေ​တတ်​၏​။


နံ့သာဆီ​နှင့်​နံ့သာပေါင်း​သည် စိတ်နှလုံး​ကို​ဝမ်းမြောက်​စေ​တတ်​၏​။ မိတ်ဆွေ​ထံမှ​နှစ်လို​ဖွယ်​ကောင်း​သော​အရာ​ကား စေတနာစိတ်​ဖြင့် သူ​ပေး​သော​အကြံဉာဏ်​ဖြစ်​၏​။


ညီအစ်ကို​တို့၊ လူ​တစ်​ဦး​သည် ကျူးလွန်​သော​အပြစ်​တစ်စုံတစ်ခု​ထဲ၌ နစ်မွန်း​နေ​လျှင် ဝိညာဉ်​သဘော​ရှိ​သော​သင်​တို့​သည် နူးညံ့​သိမ်မွေ့​သော​စိတ်​ဖြင့် ထို​သူ​ကို ပြုပြင်​ပေး​ကြ​လော့။ သင်​တို့​ကိုယ်တိုင်​လည်း ဖြားယောင်း​သွေးဆောင်​ခြင်း​သို့​မ​ကျရောက်​စေရန် သတိပြု​ကြ​လော့။