ယောဘဝတ္တု။ 13:3 - မြန်မာ့စံမီသမ္မာကျမ်း ငါမူကား အနန္တတန်ခိုးရှင်ကိုသာ လျှောက်တင်လိုပါ၏။ ဘုရားသခင်ထံသို့သာ လျှောက်လဲလိုပါ၏။ Common Language Bible အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့်ရှိပါစေသော။ Garrad Bible ငါ သည် အ န န တ္တ တန် ခိုး ရှင် ထံ လျှောက် ထား၍၊ ဘု ရား သ ခင် ရှေ့၊ ချေ ပ ရန် အ လို ရှိ ပါ၏။ Judson Bible အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့် ရှိပါစေသော။ |
ငါ့ကို ကွပ်မျက်တော်မူမည်ဆိုလျှင်ပင် ကိုယ်တော့်ကို ငါမျှော်လင့်နေဦးမည်။ ငါ့အမှုကို မျက်မှောက်တော်၌ လျှောက်လဲမည်။
ထိုအခါ အကျွန်ုပ်ကိုခေါ်လျှင် အကျွန်ုပ်ထူးပါမည်။ အကျွန်ုပ်လျှောက်လျှင်လည်း အကျွန်ုပ်ကို ပြန်၍ဖြေကြားတော်မူပါ။
ငါပြောသောစကားများကို မည်သူနားထောင်ပေးမည်နည်း။ ကြည့်ကြပါ။ ငါလက်မှတ်ထိုးပြီဖြစ်၍ အနန္တတန်ခိုးရှင်သည် ငါ့စကားကိုနားညောင်းတော်မူပါစေသော။ ငါ့ကိုစွဲချက်တင်သောသူသည် စွဲချက်ကို ရေးမှတ်ပါစေသော။
“အပြစ်တင်ပြောဆိုတတ်သောသူ၊ သင်သည် အနန္တတန်ခိုးရှင်ကို ဖက်ပြိုင်မည်လော။ ဘုရားသခင်နှင့် ငြင်းခုံလိုသောသူ၊ သင်ပြန်ပြောပါလော့”ဟု မိန့်တော်မူလျှင်
လူသည် ကိုယ်တော်နှင့် အငြင်းအခုံပြုမည်ဆိုလျှင်ပင် မေးခွန်းတစ်ထောင်တွင် တစ်ခုမျှ ဖြေနိုင်မည်မဟုတ်ပါ။
“သင်တို့၏အမှုကို တင်ပြကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “သင်တို့၏ခိုင်လုံသောသက်သေတို့ကို ယူဆောင်လာကြလော့”ဟု ယာကုပ်အမျိုး၏ရှင်ဘုရင်မိန့်တော်မူ၏။
အို တောင်များတို့၊ အို ခိုင်ခံ့သောမြေကြီးအုတ်မြစ်တို့၊ ထာဝရဘုရား၏စွဲချက်ကိုနားထောင်ကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို စွဲချက်တင်တော်မူပြီ။ အစ္စရေးလူမျိုးနှင့် အချေအတင်ပြောဆိုတော်မူမည်။