ဧလိယသည် ထိုအသံကိုကြားလျှင် မိမိမျက်နှာကို ဝတ်လုံနှင့်အုပ်ပြီး တောင်ထိပ်လိုဏ်ဂူဝတွင် ထွက်ရပ်နေ၏။ ထိုအခါ အသံတော်က “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မေး၏။
မဿဲ 26:69 - မြန်မာ့စံမီသမ္မာကျမ်း ပေတရုမူကား အိမ်အပြင် ခြံဝင်းအတွင်း၌ ထိုင်နေ၏။ ထိုအခါ အစေခံမိန်းမတစ်ယောက်သည် သူ့ထံသို့ချဉ်းကပ်လာ၍ “သင်သည်လည်း ဂါလိလဲနယ်သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။ Common Language Bible ပေတရုသည်အပြင်ဖက်ကျောင်းတော်ဝင်းအတွင်း ၌ထိုင်လျက်နေစဉ်အစေခံမကလေးတစ်ယောက် သည်ရောက်လာ၍ `သင်သည်လည်းဂါလိလဲပြည်သား ယေရှုနှင့်ပေါင်းဖော်သူဖြစ်သည်'' ဟုဆို၏။ Garrad Bible ထို အ ခါ ပေ တ ရု သည် ကျောင်း တော့် အ ပြင် တံ တိုင်း အတွင်း ထိုင် နေ စဉ် ကျွန် မ တစ် ယောက် လာ လျက် သင် လည်း ဂါ လိ လဲ ပြည် သား ယေ ရှု နှင့် လိုက် ပါ သူ ဖြစ် သည် ဟု ဆို သော် သင် ပြော သည် ကို ငါ မ သိ ဟု Judson Bible ပေတရုသည် ပြင်မှာ အိမ်ဦး၌ထိုင်နေစဉ်၊ အစေအပါ မိန်းမတစ်ယောက်သည် သူရှိရာသို့လာ၍ သင်သည်လည်း ဂါလိလဲလူ ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်တွင် ပေတရုသည် ရုံးတော်ဝင်းအတွင်း၌ ထိုင်နေစဉ် အစေခံအမျိုးသမီးတစ်ဦးသည် အနားသို့ လာ၍ “သင်သည်လည်း ယေရှုနှင့် အတူရှိခဲ့သောဂါလိလဲပြည်သားဖြစ်သည်” ဟု ဆို၏။ မြန်မာ ပေတရုသည် ပြင်မှာ အိမ်ဦး၌ထိုင်နေစဉ်၊ အစေအပါ မိန်းမတစ်ယောက်သည် သူရှိရာသို့လာ၍ သင်သည်လည်း ဂါလိလဲလူ ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုလျှင်၊- |
ဧလိယသည် ထိုအသံကိုကြားလျှင် မိမိမျက်နှာကို ဝတ်လုံနှင့်အုပ်ပြီး တောင်ထိပ်လိုဏ်ဂူဝတွင် ထွက်ရပ်နေ၏။ ထိုအခါ အသံတော်က “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မေး၏။
ထိုနေရာရှိလိုဏ်ဂူတစ်ခုထဲသို့ဝင်၍ ညအိပ်၏။ ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍ “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မိန့်ဆို၏။
ဆိုးယုတ်သောသူတို့၏အကြံဉာဏ်အတိုင်း မလိုက်မလျှောက်၊ အပြစ်သားတို့၏လမ်းတွင်မရပ်မနေ၊ ပြက်ရယ်ပြုတတ်သောသူတို့စုဝေးရာအရပ်၌မထိုင်၊
လူထုပရိသတ်များကလည်း “ဤသူသည် ဂါလိလဲနယ် နာဇရက်မြို့မှ ပရောဖက်ယေရှုဖြစ်သည်”ဟု ဆိုကြ၏။
ထိုအချိန်တွင် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများသည် ကယာဖဟုခေါ်သော ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲ၌ စုဝေးလျက်
ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအထိ ကိုယ်တော်၏နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ နောက်ဆုံးမည်သို့ဖြစ်မည်ကိုသိမြင်ရန် အထဲသို့ဝင်၍ အစောင့်တပ်သားများနှင့်အတူထိုင်နေ၏။
သို့သော် ပေတရုက “သင်ပြောနေသည့်အရာကို ငါမသိ”ဟု အားလုံးရှေ့တွင် ငြင်းဆိုလေ၏။
ထို့နောက် ဝင်းတံခါးဘက်သို့ထွက်သွားရာ အခြားအစေခံမိန်းမတစ်ယောက်သည် သူ့ကိုတွေ့သဖြင့် ထိုနေရာ၌ရှိသောသူတို့အား “ဤသူသည် နာဇရက်မြို့သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။
နာသနေလကလည်း “နာဇရက်မြို့ထဲမှ ကောင်းသောအရာတစ်စုံတစ်ခုထွက်နိုင်သလော”ဟု ဆိုသော် ဖိလိပ္ပုက “လာ၍ကြည့်ပါ”ဟု ဆိုလေ၏။
အချို့တို့ကလည်း “ဤသူသည် ခရစ်တော်ဖြစ်သည်”ဟု ဆိုကြ၏။ သို့ရာတွင် အချို့တို့က “ခရစ်တော်သည် ဂါလိလဲနယ်မှပေါ်ထွန်းပါမည်လော။
သူတို့က “သင်သည်လည်း ဂါလိလဲနယ်သားဖြစ်သလော။ ဂါလိလဲနယ်မှ ပရောဖက် မပေါ်ထွန်းကြောင်းကို စူးစမ်းလေ့လာ၍ သိမှတ်လော့”ဟု ဆိုကြ၏။
ထိုသူ၏နောက်တွင် သန်းခေါင်စာရင်းကောက်ချိန်၌ ဂါလိလဲနယ်သား ယုဒသည်ပေါ်လာ၍ မိမိနောက်သို့လိုက်ကြရန် လူတို့ကိုသွေးဆောင်ခဲ့၏။ သူသည်လည်း အသတ်ခံရ၍ သူ့နောက်သို့လိုက်သောသူအားလုံးတို့သည်လည်း ကွဲလွင့်သွားကြ၏။