ငါကလည်း ဆက်၍ “သင်တို့လုပ်ရပ်သည် ဆိုးဝါးလှ၏။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အသက်ရှင်လျှောက်လှမ်းရမည်မဟုတ်လော။ သို့မှ ငါတို့ရန်သူ လူမျိုးခြားတို့၏ကဲ့ရဲ့ရှုတ်ချခြင်းနှင့် ကင်းမည်မဟုတ်လော။
နေဟမိ 4:4 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါက “အကျွန်ုပ်တို့၏ဘုရားသခင်၊ အကျွန်ုပ်တို့ကဲ့ရဲ့ခံရသည်ကို နားထောင်တော်မူပါ။ သူတို့ကဲ့ရဲ့သည့်စကားကို သူတို့ခေါင်းပေါ် ပြန်ရောက်စေတော်မူပါ။ သူတို့ကို လုယက်ပစ္စည်းကဲ့သို့ဖြစ်စေ၍ သုံ့ပန်းဘဝသို့ ရောက်စေတော်မူပါ။ Common Language Bible ငါက``အို ဘုရားသခင်အကျွန်ုပ်တို့အား ထိုသူတို့အဘယ်သို့ပြက်ရယ်ပြုကြသည် ကိုနားထောင်တော်မူပါ။ သူတို့သည်မိမိ တို့ကဲ့ရဲ့ပြောဆိုသည့်စကားဖြင့်တန်ပြန် ထိကြပါစေသော။ သူတို့သည်မိမိတို့တွင် ရှိသမျှသောဥစ္စာပစ္စည်းများကိုအလု အယက်ခံရလျက် နိုင်ငံရပ်ခြားသို့ဖမ်း ဆီးခေါ်ဆောင်ခြင်းကိုခံရကြပါစေ သော။- Garrad Bible အို အ ကျွန်ုပ် တို့ ဘု ရား သ ခင်၊ နား ညောင်း တော် မူ ပါ။ မ ထီ မဲ့ မြင် ပြု ခြင်း ကို အ ကျွန်ုပ် တို့ ခံ ရ ပါ၏။ ချင်း တို့ ကဲ့ ရဲ့ သော စ ကား သည်၊ ချင်း တို့ ဦး ထိပ် သို့ ရောက် လျက်၊ သိမ်း သွား ရာ ပြည် တွင် လု ယက် ခြင်း ကို ခံ ရ ကြ ပါ စေ သော။ Judson Bible အို အကျွန်ုပ်တို့ ဘုရားသခင်၊ နားထောင်တော်မူပါ။ အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ခံရပါ၏။ သူတို့ကဲ့ရဲ့သောစကားသည်၊ သူတို့ခေါင်းပေါ်သို့ ပြန်ရောက်ပါစေသော။ သိမ်းသွားခြင်းကို ခံရာပြည်၌ လုယက်ခြင်းကို ခံရကြပါစေသော။ |
ငါကလည်း ဆက်၍ “သင်တို့လုပ်ရပ်သည် ဆိုးဝါးလှ၏။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အသက်ရှင်လျှောက်လှမ်းရမည်မဟုတ်လော။ သို့မှ ငါတို့ရန်သူ လူမျိုးခြားတို့၏ကဲ့ရဲ့ရှုတ်ချခြင်းနှင့် ကင်းမည်မဟုတ်လော။
အို ဘုရားရှင်၊ အကျွန်ုပ်တို့၏အိမ်နီးချင်းတို့သည် ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်ကြသည်ဖြစ်၍ သူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့ရင်ခွင်ထဲသို့ ခုနစ်ဆပြန်ပေးတော်မူပါ။
ကိုယ်တော်သည် ပြက်ရယ်ပြုတတ်သောသူတို့ကို ပြက်ရယ်ပြုတော်မူ၏။ စိတ်နှိမ့်ချသောသူတို့ကိုကား ကျေးဇူးတော်ခံစားစေတော်မူ၏။
သူတို့ပြုသောမကောင်းမှုအလုံးစုံတို့သည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ အကျွန်ုပ်ကျူးလွန်မိသောအပြစ်အလုံးစုံအတွက် အကျွန်ုပ်ခံရသကဲ့သို့ သူတို့ကိုလည်း ခံရစေပါ။ အကျွန်ုပ်အလွန်ညည်းတွားရသည်ဖြစ်၍ စိတ်နှလုံးညှိုးနွမ်းလျက်ရှိပါ၏။
ဧဖရိမ်သည် အမျက်တော်ကိုအကြီးအကျယ်နှိုးဆွလေပြီ။ ထို့ကြောင့် သူ၏အရှင်သည် သူ၏လူသတ်ခြင်းအပြစ်ကို သူ့အပေါ် ပြန်ရောက်စေမည်။ သူကဲ့ရဲ့ပြစ်တင်ခဲ့သည်များကို သူ့အပေါ် ပြန်ရောက်စေမည်။
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။