ဘုရားတရားမဲ့သောသူသည် ပျက်စီး၍ သူ့အသက်ကို ဘုရားသခင် နုတ်ယူပစ်လိုက်သောအခါ သူ၏မျှော်လင့်ရာကား အဘယ်မှာနည်း။
ဒေသနာကျမ်း။ 9:4 - မြန်မာ့စံမီသမ္မာကျမ်း အမှန်စင်စစ် အသက်ရှင်သောသူအားလုံးတို့တွင်ပါဝင်လျက်ရှိသောသူ၌ မျှော်လင့်ခြင်းရှိ၏။ အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက် ပို၍ကောင်း၏။ Common Language Bible အသက်ရှင်သော လူစုအပေါင်းနှင့် ဆိုင်သေး သောသူသည် မြော်လင့်စရာရှိ၏။ အသက်ရှင်သောခွေး သည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။ Garrad Bible အ သက် ရှင် သော လူ့ ဘောင်၌ အ ပါ အ ဝင် ဖြစ် သူ သည်၊ စောင့် မြော် ရန် အ ကြောင်း ရှိ၏။ ရှင် သော ခွေး သည်၊ သေ သော ခြင်္သေ့ ထက် ကောင်း ၏။ Judson Bible အသက်ရှင်သောလူစုအပေါင်းနှင့် ဆိုင်သေးသောသူသည် မျှော်လင့်စရာရှိ၏။ အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက် သာ၍ကောင်းမြတ်၏။ |
ဘုရားတရားမဲ့သောသူသည် ပျက်စီး၍ သူ့အသက်ကို ဘုရားသခင် နုတ်ယူပစ်လိုက်သောအခါ သူ၏မျှော်လင့်ရာကား အဘယ်မှာနည်း။
အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။
အကြောင်းမူကား အသက်ရှင်သောသူတို့သည် မိမိတို့သေရမည်ကို သိကြ၏။ သေသောသူတို့မူကား မည်သည့်အရာကိုမျှမသိကြ။ သူတို့နှင့်ဆိုင်သောအောက်မေ့စရာများပင်လျှင် မေ့လျော့ခြင်းခံရသည်ဖြစ်၍ သူတို့အတွက် ဆုလာဘ်လည်း နောက်ထပ်မရှိတော့ပေ။
မရဏာနိုင်ငံသည် ကိုယ်တော်၏ကျေးဇူးတော်ကို မချီးမွမ်းနိုင်ပါ။ သေခြင်းသည် ကိုယ်တော်၏ဂုဏ်တော်ကို မချီးမွမ်းနိုင်ပါ။ တွင်းထဲသို့ဆင်းသွားသောသူတို့သည် ကိုယ်တော်၏သစ္စာတော်ကို မမျှော်လင့်နိုင်ကြပါ။