လာကြ၊ ငါတို့သည်ဆင်းသွား၍ သူတို့အချင်းချင်းပြောဆိုသောစကားကို သူတို့နားမလည်ကြစေရန် ထိုအရပ်တွင် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေကြစို့”ဟု မိန့်တော်မူ၏။
ဒေသနာကျမ်း။ 2:1 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ငါ့စိတ်နှလုံးအား “ယခုလာလော့။ အပျော်အပါးအားဖြင့် သင့်ကို ငါစမ်းသပ်မည်။ ကောင်းသောအရာကိုလည်း ခံစားသိရှိလော့”ဟု မြွက်ဆို၏။ သို့ရာတွင် ကြည့်ရှုလော့။ ထိုအမှုအရာသည်လည်း အချည်းနှီးဖြစ်၏။ Common Language Bible တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့ဟု ဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။ Garrad Bible ၎င်း ပြင် ငါ က၊ ရွှင် လန်း ခြင်း အား ဖြင့် ကိုယ် ကို စမ်း သပ်၍၊ အ ကောင်း စား ရ မည် ဟု အောက် မေ့ ရာ တွင်၊ ထို အ ရာ လည်း၊ အ န တ္တ ဖြစ် လေ စွ။ Judson Bible တစ်ဖန် ငါသည် ကိုယ်စိတ်နှလုံးထဲမှာပြောသည်ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ ပျော်မွေ့လော့ဟုဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်လေ၏။ |
လာကြ၊ ငါတို့သည်ဆင်းသွား၍ သူတို့အချင်းချင်းပြောဆိုသောစကားကို သူတို့နားမလည်ကြစေရန် ထိုအရပ်တွင် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေကြစို့”ဟု မိန့်တော်မူ၏။
ဆီးရီးယားဘုရင်ကလည်း “ယခုပင် သွားပါ။ အစ္စရေးဘုရင်ထံ စာပါးလိုက်မည်”ဟု ဆိုသဖြင့် သူသည် ငွေတာလန်တစ်ဆယ်၊ ရွှေရှယ်ကယ်ခြောက်ထောင်နှင့် အဝတ်ဆယ်စုံကိုယူ၍ ခရီးထွက်သွားလေ၏။
သူ၏စိတ်နှလုံးထဲ၌ “ငါသည် တုန်လှုပ်မည်မဟုတ်။ မျိုးဆက်အစဉ်အဆက် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည်မဟုတ်”ဟု ဆိုတတ်၏။
မိုက်မဲသောသူက “ဘုရားသခင်မရှိ”ဟု မိမိစိတ်နှလုံးထဲ၌ ဆိုတတ်၏။ ထိုသို့သောသူတို့သည် အကျင့်ပျက်ပြား၍ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုတတ်ကြ၏။ ကောင်းသောအမှုကိုပြုသောသူမရှိ။
အကျွန်ုပ်စိတ်နှလုံးက “ငါ၏မျက်နှာကိုရှာကြလော့”ဟု ကိုယ်တော်ကိုယ်စားဆိုသောအခါ အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်ရှာပါမည်။
ရယ်မောလျက်နေစဉ်ပင် စိတ်နှလုံးသည် နာကျင်နေတတ်၏။ ဝမ်းမြောက်ခြင်း၏အဆုံး၌လည်း ပူဆွေးခြင်းရှိတတ်၏။
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
ငါသည် ငါ့မျက်စိလိုချင်တပ်မက်သောအရာတစ်စုံတစ်ခုကိုမျှမငြင်း။ ငါ့စိတ်နှလုံးကိုလည်း အပျော်အပါးရှိသမျှကို ခံစားခွင့်ပေးထား၏။ အမှန်စင်စစ် ငါ၏စိတ်နှလုံးသည် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံး၌ ဝမ်းမြောက်၏။ ဤသည်ကား ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးအတွက် ငါရရှိသောဝေစုဖြစ်၏။
ထိုအခါ ငါက “မိုက်မဲသောသူ၌ဖြစ်ပျက်သောအဖြစ်မျိုးသည် ငါ၌လည်းဖြစ်ပျက်လိမ့်မည်။ သို့ဖြစ်လျှင် ငါဉာဏ်ပညာရှိခြင်းသည် ငါ့အတွက် မည်သို့အကျိုးထူးသနည်း”ဟု ငါ့စိတ်ထဲ၌မြွက်ဆို၏။ တစ်ဖန် “ဤအရာသည်လည်း အချည်းနှီးဖြစ်၏”ဟု ငါ့စိတ်ထဲ၌ ပြောဆို၏။
အကြောင်းမူကား ကိုယ်တော်နှင့်ကင်း၍ မည်သူသည် စားနိုင်မည်နည်း။ မည်သူသည် စိတ်ပျော်ရွှင်နိုင်မည်နည်း။
ပညာရှိသောသူတို့၏စိတ်နှလုံးသည် အသုဘအိမ်၌ရှိ၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား ပျော်ပါးရာအိမ်၌ရှိ၏။
သို့ဖြစ်၍ ပျော်ရွှင်မှုကိုငါထောမနာပြု၏။ အဘယ်ကြောင့်ဆိုသော် နေအောက်တွင် စားလျက်၊ သောက်လျက်၊ ဝမ်းမြောက်လျက်နေခြင်းထက် လူ့အတွက်ကောင်းသည့်အရာမရှိ။ ဤသည်ကား နေအောက်တွင် လူကိုဘုရားသခင်ပေးတော်မူသော အသက်တာ၏နေ့ရက်ကာလများ၌ လူ၏ကြိုးပမ်းအားထုတ်မှုထဲတွင် သူနှင့်အတူလိုက်ပါလာသောအရာဖြစ်၏။
ယခု ငါ၏စပျစ်ခြံကို ငါမည်သို့ပြုမည်ကို သင်တို့အား ငါပြောမည်။ ခြံစည်းရိုးကို ငါဖယ်ရှားသဖြင့် စပျစ်ခြံသည် ဝါးမျိုဖျက်ဆီးခြင်းခံရမည်။ တံတိုင်းကို ငါဖြိုဖျက်သဖြင့် စပျစ်ခြံသည် နင်းချေခြင်းခံရမည်။
မီးမွှေးသောသူအပေါင်းတို့၊ မီးတုတ် အသင့်ပြင်ထားသောသူအပေါင်းတို့၊ သင်တို့၏မီး၊ သင်တို့မီးစွဲစေသောမီးတုတ်၏အလင်းထဲ၌ သွားလာကြလော့။ ငါ့လက်မှသင်တို့ရရှိမည့်အကျိုးကား သင်တို့သည် ဆင်းရဲခြင်းဝေဒနာထဲ၌ အိပ်ရလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားသည် နာခံတတ်သောသဘောကိုပေးတော်မူသဖြင့် ငါသည် ဖီဆန်ခြင်းမပြု၊ ကျောခိုင်း၍မသွား။
ငါ၏ဝိညာဉ်ကိုလည်း အချင်းဝိညာဉ်၊ ကောင်းသောအရာအမြောက်အမြားတို့ကို နှစ်ပေါင်းများစွာအတွက် သိုမှီးထားလျက်ရှိပြီ။ အနားယူလော့။ စားသောက်ပျော်မွေ့လော့ဟူ၍ ငါပြောမည်’ဟု ဆိုလေ၏။
တစ်ခါက ခရမ်းရောင်ဝတ်ရုံနှင့် ပိတ်ချောထည်များကိုဝတ်ဆင်ကာ နေ့စဉ် စည်းစိမ်ခံစားလျက် ပျော်မွေ့နေသည့် သူဌေးတစ်ဦးရှိ၏။
သူသည် မရဏာနိုင်ငံတွင် ဝေဒနာခံစားရလျက် မျှော်ကြည့်သောအခါ အာဗြဟံနှင့် သူ၏ရင်ခွင်ထဲ၌ရှိသော လာဇရုတို့ကို အဝေးမှမြင်ရလေ၏။
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။
“ယနေ့၊ သို့မဟုတ် မနက်ဖြန်တွင် ဤမြို့၊ သို့မဟုတ် ထိုမြို့သို့သွား၍ ထိုအရပ်၌ တစ်နှစ်ပတ်လုံးနေလျက် ကူးသန်းရောင်းဝယ်ကာ အမြတ်ရအောင်လုပ်ကြမည်”ဟု ဆိုတတ်သောသူတို့၊ ယခုနားထောင်ကြလော့။
ချမ်းသာသောသူတို့၊ ယခုနားထောင်ကြလော့။ သင်တို့အပေါ်သက်ရောက်လာမည့် ဒုက္ခဆင်းရဲခြင်းများအတွက် အော်ဟစ်ငိုကြွေးကြလော့။
သင်တို့သည် မြေကြီးပေါ်တွင် အပျော်အပါးလိုက်စား၍ ဇိမ်ခံနေကြပြီ။ သတ်ရန်လျာထားသောနေ့အတွက် မိမိတို့စိတ်နှလုံးကို ဆူဖြိုးအောင်ကျွေးမွေးကြပြီ။