La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဒေသနာကျမ်း။ 10:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အချင်း​တိုင်းနိုင်ငံ​၊ သင်​၏​ရှင်ဘုရင်​သည် သူငယ်​ဖြစ်​ပြီး သင်​၏​အကြီးအကဲ​တို့​သည် နံနက်အချိန်​၌ပင် စားသောက်ပွဲ​ကျင်းပ​လျှင် သင်​သည် အမင်္ဂလာ​ရှိ​၏​။

Ver Capítulo

Common Language Bible

ငယ်သားအစိုးရ၍ မှူးမတ်များအချိန်မဲနံနက် စောစော စားသောက်တတ်သောပြည်သည် အမင်္ဂလာ ရှိ၏။

Ver Capítulo

Garrad Bible

အ ချင်း နိုင် ငံ၊ သင့် ဘု ရင် သည် သိမ် ငယ် သူ ဖြစ် လျက်၊ မှူး မတ် တို့ လည်း နံ နက် အ ချိန် စား သောက် ပွဲ လုပ် တတ် လျှင်၊ သင်၌ အ မင်္ဂ လာ ရှိ၏။

Ver Capítulo

Judson Bible

ငယ်​သား​အ​စိုး​ရ၍ မှူး​မတ်​များ​အ​ချိန်​မဲ့ နံ​နက်​စော​စော စား​သောက်​တတ်​သော​ပြည်​သည် အ​မင်္ဂ​လာ​ရှိ၏။

Ver Capítulo



ဒေသနာကျမ်း။ 10:16
16 Referencias Cruzadas  

ငါ့​ခမည်းတော်​သည် သင်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​၏​။ ငါ​မူကား သင်​တို့​၏​ထမ်းပိုး​ကို ပို၍​လေး​စေ​မည်​။ ငါ့​ခမည်းတော်​သည် သင်​တို့​ကို ကျာပွတ်​နှင့်​ဆုံးမ​၏​။ ငါ​မူကား သင်​တို့​ကို ကင်းမြီးကောက်​နှင့်​ဆုံးမ​မည်​’​ဟူ၍ ပြန်ဖြေ​ပါ​လော့​”​ဟု လျှောက်တင်​ကြ​၏​။


လူဆိုး​လူမိုက်​တို့​သည် ယေရောဗောင်​နှင့်​ပူးပေါင်း​ပြီး ရှောလမုန်​မင်းကြီး​၏​သား​တော်​ရောဗောင်​ကို ဆန့်ကျင်​ခဲ့​ကြ​၏​။ ရောဗောင်​သည် ငယ်ရွယ်သူ​ဖြစ်​၍ အတွေ့အကြုံနည်း​သဖြင့် သူ​တို့​ကို မ​တွန်းလှန်​နိုင်​ခဲ့​ပေ​။


ဇေဒကိ​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​တစ်​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​တစ်​နှစ်​စိုးစံ​၏​။


ယောခတ်​နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​သုံး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် သုံး​လ​စိုးစံ​၏​။


ယောယကိမ် နန်းတက်​သောအခါ သက်တော်​နှစ်ဆယ့်​ငါး​နှစ်​ရှိ​ပြီး ဂျေရုဆလင်​မြို့​တွင် တစ်ဆယ့်​တစ်​နှစ်​စိုးစံ​၏​။ သူ​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။


ယောယခိမ်​နန်းတက်​သောအခါ သက်တော်​ရှစ်​နှစ်​ရှိ​၏​။ ဂျေရုဆလင်​မြို့​တွင် သုံး​လ​၊ ဆယ်​ရက် စိုးစံ​၏​။ သူ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို ပြု​၏​။


ထိုးထွင်းဉာဏ်​ကင်းမဲ့​သော​အုပ်ချုပ်သူမင်း​သည် အလွန်​ဖိနှိပ်​ညှဉ်းပန်း​တတ်​၏​။ မတရား​သော​အကျိုး​စီးပွား​ကို​ရွံမုန်း​သော​သူ​သည် အသက်​ရှည်​လိမ့်မည်​။


မိုက်မဲ​သော​သူ​တို့​သည် မြို့​သို့​သွား​သော​လမ်း​ကို​ပင် မ​သိ​သောကြောင့် သူ​တို့​၏​ကြိုးပမ်းအားထုတ်မှု​သည် သူ​တို့​ကို​ပင်ပန်း​စေ​၏​။


ငါ​၏​လူမျိုး​တော်​ကို ကလေးသူငယ်​တို့​က ညှဉ်းဆဲ​ကြ​၏​။ မိန်းမ​တို့​က အုပ်စိုး​ကြ​၏​။ အို ငါ့​လူမျိုး​တော်​၊ သင်​တို့​ကို​လမ်းပြ​သော​သူ​တို့​သည် သင်​တို့​ကို လမ်းလွဲ​စေ​၍ သင်​တို့​၏​လမ်းခရီး​ကို ရှုပ်ထွေး​စေ​ကြ​၏​။


ထာဝရဘုရား​က “အို ဒါဝိဒ်​အမျိုးအနွယ်​တို့​၊ နံနက်တိုင်း တရားသဖြင့်​စစ်ကြောစီရင်​ကြ​လော့​။ နှိပ်စက်​ခံရ​သူ​ကို နှိပ်စက်​သော​သူ​၏​လက်​မှ ကယ်နုတ်​လော့​။ သို့မဟုတ်လျှင် သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​ကြောင့် ငါ့​အမျက်​သည် မည်သူ​မျှ​မ​ငြှိမ်း​နိုင်​အောင် မီး​ကဲ့သို့​တောက်လောင်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။