La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ထွက်​မြောက် 8:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​သည် ငါ​၏​လူမျိုး​တော်​နှင့်​သင်​၏​လူမျိုး​ကြား​တွင် ခြားနားမှု​ရှိ​စေ​မည်​။ ဤ​နိမိတ်လက္ခဏာ​သည် မနက်ဖြန်​၌ ဖြစ်​လိမ့်မည်​’​ဟူ၍ မိန့်ဆို​တော်မူ​ကြောင်း ဖာရော​မင်းကြီး​အား​ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။

Ver Capítulo

Common Language Bible

ငါ​သည်​ငါ​၏​လူ​မျိုး​တော်​နှင့်​သင်​၏​လူ​မျိုး ကို​ခြား​နား​၍​ထား​မည်။ ဤ​နိ​မိတ်​လက္ခ​ဏာ ကို​နက်​ဖြန်​နေ့​တွင်​ငါ​ပြ​မည်' ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ပြော​လော့'' ဟူ​၍ မိန့်​တော်​မူ​သည်။-

Ver Capítulo

Garrad Bible

ငါ့ လူ မျိုး တစ် ဘက်၊ သင့် လူ မျိုး တစ် ဘက်၊ ငါ ခွဲ ခြား ထား မည်။ နက် ဖြန် ပင် ထို လ က္ခ ဏာ သက် သေ ထင် ရှား လိမ့် မည် ဟူ၍ မိန့် တော် မူ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။

Ver Capítulo

Judson Bible

ထို​သို့ ငါ၏​လူ​တို့​နှင့် သင်၏​လူ​တို့​ကို ငါ​ခြား​နား​စေ​မည်။ နက်​ဖြန်​နေ့၌ ထို​နိ​မိတ်​ထင်​ရှား​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို​ပြော​လော့​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။

Ver Capítulo



ထွက်​မြောက် 8:23
6 Referencias Cruzadas  

ထိုအခါ ဧလိရှဲ​က “​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​လော့​။ ထာဝရဘုရား​က ‘​မနက်ဖြန် ဤသို့​သော​အချိန်​တွင် ရှမာရိ​မြို့​တံခါး​၌ မုန့်ညက်​တစ်​စေအာ​ကို တစ်​ရှယ်ကယ်​၊ မုယော​နှစ်​စေအာ​ကို တစ်​ရှယ်ကယ်​ဖြင့် ရောင်း​ကြ​လိမ့်မည်​’​ဟူ၍ မိန့်​တော်မူ​ပြီ​”​ဟု သူ​တို့​အား ဆို​၏​။


အကယ်၍ သင်​သည် ငါ​၏​လူမျိုး​တော်​ကို မ​လွှတ်​ဘဲ ငြင်းဆန်​နေ​မည်​ဆိုလျှင် မနက်ဖြန် သင့်​နယ်မြေ​ထဲသို့ ကျိုင်းကောင်​များ​ကို ငါ​ရောက်လာ​စေ​မည်​။


ထိုအခါ သူ​တို့​သည် သင်​၏​စကား​ကို နားထောင်​ကြ​လိမ့်မည်​။ သင်​နှင့်​အစ္စရေး​သက်ကြီးဝါကြီး​တို့​သည်​လည်း အီဂျစ်​ဘုရင်​ထံသို့​ဝင်​၍ သူ့​အား ‘​ဟေဗြဲ​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် အကျွန်ုပ်​တို့​နှင့်​တွေ့​တော်မူ​ပြီ​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်ပူဇော်​ရန် အကျွန်ုပ်​တို့​ကို သုံး​ရက်​ခရီး​အကွာအဝေး​ရှိ​သော​တောကန္တာရ​သို့ သွား​ခွင့်​ပြု​ပါ​’​ဟု လျှောက်ထား​လော့​။


ငါ​သည် ထို​နေ့​၌ ငါ​၏​လူမျိုး​တော်​နေထိုင်​ရာ​ဂေါရှင်​အရပ်​ကို သီးသန့်ခွဲ​ထား​မည်​။ ဤ​ပြည်​တွင် ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိမြင်​စေရန် ထို​အရပ်​၌ ယင်ရဲ​တို့​မ​ရှိ​စေ​ရ​။


ထာဝရဘုရား​သည် ထိုအတိုင်း​ပြု​တော်မူ​သဖြင့် မြောက်မြား​စွာ​သော​ယင်ရဲ​တို့​သည် ဖာရော​မင်းကြီး​၏​နန်းတော်​မှစ၍ သူ့​အမှုထမ်း​တို့​၏​အိမ်​များ​နှင့် အီဂျစ်​ပြည်​အနှံ့ ဝင်ရောက်​ကြ​၏​။ ယင်ရဲ​များ​ကြောင့် တစ်ပြည်လုံး​သည် ပျက်စီး​လေ​၏​။


ထာဝရဘုရား​သည် အချိန်​ကို​သတ်မှတ်​တော်မူ​၍ “ငါ​ထာဝရဘုရား​သည် ထို​အမှု​ကို မနက်ဖြန် ဤ​ပြည်​ထဲ၌ ပြု​တော်မူ​မည်”​ဟု မိန့်​တော်မူ​၏​။