သူတို့၏ပြည်ကိုသာမက သူတို့ရှင်ဘုရင်များ၏အတွင်းဆောင်တို့၌ပင် ဖားများနှင့်ပြည့်နှက်စေတော်မူ၏။
ထွက်မြောက် 8:1 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက မောရှေအား “သင်သည် ဖာရောမင်းကြီးထံသို့ဝင်၍ ထာဝရဘုရားက ‘ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။ Common Language Bible ထာဝရဘုရားကမောရှေအား``ဘုရင်ထံ သို့သွား၍`ငါထာဝရဘုရားအားဝတ်ပြု နိုင်ရန် ငါ၏လူမျိုးတော်ကိုသွားခွင့်ပြု လော့။- Garrad Bible ထို နောက် မော ရှေ အား ထာ ဝ ရ ဘု ရား က ဖာ ရော မင်း ထံ ဝင်၍ ငါ့ လူ မျိုး ကို ငါ့ အား ဝတ် ပြု ရန် လွှတ် စေ။ Judson Bible ထာဝရဘုရားကလည်း၊ သင်သည် ဖာရောဘုရင်ထံသို့ဝင်၍ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။ |
သူတို့၏ပြည်ကိုသာမက သူတို့ရှင်ဘုရင်များ၏အတွင်းဆောင်တို့၌ပင် ဖားများနှင့်ပြည့်နှက်စေတော်မူ၏။
ဘုရားသခင်က “အကယ်စင်စစ် သင်နှင့်အတူငါရှိမည်။ သင်သည် အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာပြီးလျှင် ဤတောင်ပေါ်၌ သင်တို့သည် ဘုရားသခင်ကို ဝတ်ပြုရကြလိမ့်မည်။ ဤသည်ကား သင့်ကို ငါစေလွှတ်ကြောင်း လက္ခဏာသက်သေဖြစ်သည်”ဟု မိန့်တော်မူ၏။
ထိုအခါ သူတို့သည် သင်၏စကားကို နားထောင်ကြလိမ့်မည်။ သင်နှင့်အစ္စရေးသက်ကြီးဝါကြီးတို့သည်လည်း အီဂျစ်ဘုရင်ထံသို့ဝင်၍ သူ့အား ‘ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရန် အကျွန်ုပ်တို့ကို သုံးရက်ခရီးအကွာအဝေးရှိသောတောကန္တာရသို့ သွားခွင့်ပြုပါ’ဟု လျှောက်ထားလော့။
ငါ့ကိုဝတ်ပြုရန် ငါ့သားကိုလွှတ်လော့ဟု သင့်အား ငါမိန့်ဆို၏။ သူ့ကိုမလွှတ်ဘဲ သင်ငြင်းဆန်နေမည်ဆိုလျှင် သင့်သား၊ သင်၏သားဦးကို ငါကွပ်မျက်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
ထို့နောက်တွင် မောရှေနှင့်အာရုန်သည် ဖာရောမင်းကြီးထံသို့ဝင်၍ “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘တောကန္တာရ၌ ငါ့အဖို့ ပွဲတော်ကျင်းပရန် ငါ၏လူမျိုးတော်ကို လွှတ်လော့’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ကြ၏။
ထိုအခါ သူတို့က “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်သည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရန် အကျွန်ုပ်တို့ကို သုံးရက်ခရီးအကွာအဝေးရှိသောတောကန္တာရသို့ သွားခွင့်ပြုပါ။ သို့မဟုတ်လျှင် ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကပ်ရောဂါဘေး၊ သို့မဟုတ် ဓားဘေးဖြင့် ဒဏ်ခတ်တော်မူလိမ့်မည်”ဟု ပြန်လျှောက်ကြ၏။
သင်သည် ဖာရောမင်းကြီးအား ‘ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ငါ၏လူမျိုးတော်သည် တောကန္တာရ၌ ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့’ဟု ဆင့်ဆိုရန် အကျွန်ုပ်ကို အရှင့်ထံသို့စေလွှတ်တော်မူ၏။ သို့သော် အရှင်မင်းကြီးသည် ယခုတိုင်အောင် နားမထောင်ဘဲနေပါသည်တကား။
သူတို့ကို မလွှတ်ဘဲ သင်ငြင်းဆန်နေမည်ဆိုလျှင် ငါသည် သင့်ပြည်တစ်ပြည်လုံးကို ဖားများဖြင့်ဒဏ်ခတ်မည်။
တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်သည် နံနက်စောစောထ၍ ရေဆိပ်သို့သွားမည့်ဖာရောမင်းကြီး၏ရှေ့တွင်ရပ်လျက် ထာဝရဘုရားက ‘ငါ၏လူမျိုးတော်သည် ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
ထိုအခါ ထာဝရဘုရားက မောရှေအား “ဖာရောမင်းကြီးထံသို့ဝင်၍ ဟေဗြဲလူမျိုး၏ဘုရားသခင် ထာဝရဘုရားက ‘ငါ၏လူမျိုးတော်သည် ငါ့အားဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
ထိုအခါ ထာဝရဘုရားက ယောရှုအား “သင်ကိုင်ထားသောလှံကို အာဣမြို့သို့ ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ ငါအပ်မည်”ဟု မိန့်တော်မူသဖြင့် ယောရှုသည် မိမိကိုင်ထားသောလှံကို ထိုမြို့သို့ ရွယ်လေ၏။