ရွှေကွင်းလေးကွင်းကိုသွန်းလုပ်၍ သေတ္တာ၏ခြေလေးချောင်းဘေးတစ်ဖက်၌နှစ်ကွင်း၊ အခြားဘေးတစ်ဖက်၌နှစ်ကွင်း တပ်ရမည်။
ထွက်မြောက် 27:4 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပလ္လင်အတွက် ကြေးနီစကာမီးကျီးခံပြားကိုလုပ်၍ မီးကျီးခံပြားထောင့်လေးထောင့်စကာပေါ်တွင် ကြေးနီကွင်းလေးကွင်းကိုတပ်ရမည်။ Common Language Bible ပလ္လင်အတွက်ကြေးဝါဆန်ခါကိုလည်းပြုလုပ် ရမည်။ ထိုဆန်ခါထောင့်လေးထောင့်တွင်ကြေးဝါ ကွင်းလေးကွင်းတပ်ဆင်ရမည်။- Garrad Bible ကြေး ရာ ဇ မတ် ကို လည်း ကောင်း၊ ထောင့် လေး ထောင့် အ ပေါ် မှာ ကြေး လေး ကွင်း ကို လည်း ကောင်း လုပ် ပြီး လျှင်၊ Judson Bible ကြေးဝါဆန်ခါကိုလည်းကောင်း၊ ဆန်ခါလေးထောင့်အပေါ်မှာ ကြေးဝါလေးကွင်းကိုလည်းကောင်း လုပ်ပြီးလျှင်၊ |
ရွှေကွင်းလေးကွင်းကိုသွန်းလုပ်၍ သေတ္တာ၏ခြေလေးချောင်းဘေးတစ်ဖက်၌နှစ်ကွင်း၊ အခြားဘေးတစ်ဖက်၌နှစ်ကွင်း တပ်ရမည်။
ယဇ်ပလ္လင်မှပြာကိုဖယ်ရှားရန်အတွက် အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်းတို့ကိုလည်း လုပ်ရမည်။ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်ရမည်။
စကာကို ယဇ်ပလ္လင်၏အလယ်အထိရောက်အောင် ယဇ်ပလ္လင်၏အစွန်းထွက်နေသောနေရာမှ အောက်သို့ချရမည်။
မီးရှို့ရာယဇ်ပလ္လင်၊ ထိုယဇ်ပလ္လင်အတွက် ကြေးနီမီးကျီးခံပြား၊ ထိုယဇ်ပလ္လင်၏ထမ်းပိုးများနှင့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် အင်တုံ၏ခြေတိုင်ကိုလည်းကောင်း၊
ထိုကြေးနီဖြင့် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝအတွက် အောက်ခံအစွပ်ကိုလည်းကောင်း၊ ကြေးနီယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်အတွက် ကြေးနီမီးကျီးခံပြားကိုလည်းကောင်း၊ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှကိုလည်းကောင်း၊