မောရှေ၏ယောက္ခမယေသရောသည် မောရှေ၏မယားနှင့်သားတို့ကို ဘုရားသခင်၏တောင်တော်ရှိ မောရှေစခန်းချရာ တောကန္တာရသို့ ခေါ်ဆောင်လာပြီး
ထွက်မြောက် 18:6 - မြန်မာ့စံမီသမ္မာကျမ်း ယေသရောက “သင်၏ယောက္ခမ ငါယေသရောသည် သင့်မယား၊ သင့်သားနှစ်ယောက်တို့နှင့်အတူ သင့်ထံသို့လာနေပြီ”ဟု မောရှေထံ ပြောကြားစေ၏။ Common Language Bible သူသည်မောရှေ၏ဇနီးနှင့်သားနှစ်ယောက် တို့နှင့်အတူ လာရောက်မည်ဖြစ်ကြောင်း မောရှေထံသတင်းပို့ခဲ့၏။- Garrad Bible ယေ သ ရော က၊ သင့် ယော က္ခ မ ဖြစ် သူ ငါ ယေ သ ရော နှင့် သင့် မ ယား၊ သား နှစ် ယောက် တို့ ပါ သင့် ထံ ရောက် လာ ပြီ ဟု မော ရှေ အား ကြား ပြော စေ လျှင်၊ Judson Bible ကိုယ်တော်၏ယောက္ခမယေသရောနှင့် ကိုယ်တော်၏မယား၊ သားနှစ်ယောက်တို့သည် ကိုယ်တော်ထံသို့ရောက်လာပါပြီဟု မောရှေအားကြားပြောသော်၊ |
မောရှေ၏ယောက္ခမယေသရောသည် မောရှေ၏မယားနှင့်သားတို့ကို ဘုရားသခင်၏တောင်တော်ရှိ မောရှေစခန်းချရာ တောကန္တာရသို့ ခေါ်ဆောင်လာပြီး
ထို့ကြောင့် မောရှေသည် မိမိယောက္ခမကိုကြိုဆိုရန်ထွက်လာ၍ သူ့ရှေ့၌ပျပ်ဝပ်ပြီး သူ့အားနမ်းလေ၏။ သူတို့သည် တစ်ဦးနှင့်တစ်ဦး သာကြောင်းမာကြောင်းမေးမြန်းပြီးလျှင် တဲထဲသို့ဝင်ကြ၏။
ထို့ကြောင့် မောရှေသည် မိမိမယားနှင့်သားတို့ကိုခေါ်၍ မြည်းပေါ်တင်ပြီးလျှင် အီဂျစ်ပြည်သို့ပြန်သွားလေ၏။ မောရှေသည် မိမိ၏လက်ထဲ၌ ဘုရားသခင်၏တောင်ဝှေးတော်ကို ကိုင်ဆောင်သွား၏။