La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ထွက်​မြောက် 17:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မောရှေ​သည် သူ​၏​လက်​ကို​မြှောက်​သောအခါ အစ္စရေး​လူမျိုး​တို့​နိုင်​၍ သူ​၏​လက်​ကို​ချ​သောအခါ အာမလက်​လူမျိုး​တို့​နိုင်​လေ​၏​။

Ver Capítulo

Common Language Bible

မော​ရှေ​သည်​မိ​မိ​၏​လက်​များ​ကို​မြှောက်​ထား သည့်​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘက် က​စစ်​ရေး​သာ​၏။ သူ​၏​လက်​များ​ကို​ချ​သည့် အ​ခါ​အာ​မ​လက်​အ​မျိုး​သား​တို့​ဘက်​က စစ်​ရေး​သာ​၏။-

Ver Capítulo

Garrad Bible

မော ရှေ လက် ချီ၍ ထား စဉ် ဣ သ ရေ လ လူ တို့ အ ရေး သာ ၏။

Ver Capítulo

Judson Bible

မော​ရှေ​သည် လက်​ကို​ချီ​သော​အ​ခါ၊ ဣ​သ​ရေ​လ​လူ​တို့​သည် နိုင်​ကြ၏။ လက်​ကို​ချ​သော​အ​ခါ၊ အာ​မ​လက်​လူ​တို့​သည်​နိုင်​ကြ​၏။

Ver Capítulo



ထွက်​မြောက် 17:11
8 Referencias Cruzadas  

အကြောင်းမူကား အကျွန်ုပ်​သည် အကျွန်ုပ်​၏​လေး​ကို​မ​ကိုးစား​ပါ​။ အကျွန်ုပ်​၏​ဓား​သည်​လည်း အကျွန်ုပ်​ကို​မ​ကယ်တင်​နိုင်​ပါ​။


သို့ဖြစ်၍ ကိုယ်တော်​ကို ငါ​ခေါ်​သော​နေ့​၌ ငါ​၏​ရန်သူ​တို့​သည် နောက်ပြန်ဆုတ်​ကြ​လိမ့်မည်​။ ဤ​အမှု​အားဖြင့် ဘုရားသခင်​သည် ငါ့​ဘက်​၌​ရှိ​တော်မူ​သည်​ကို ငါ​သိ​၏​။


ယောရှု​သည်​လည်း သူ့​အား​မောရှေ​ပြော​သည့်​အတိုင်း​ပြု​၍ အာမလက်​လူမျိုး​တို့​ကို​တိုက်​လေ​၏​။ မောရှေ​၊ အာရုန်​နှင့် ဟုရ တို့​မူကား တောင်ကုန်း​ထိပ်​သို့ တက်သွား​ကြ​၏​။


မောရှေ​လက်​ညောင်း​လာ​သောအခါ အာရုန်​နှင့်​ဟုရ​သည် ကျောက်တုံး​ကို​ယူ​၍ မောရှေ​အောက်​၌​ထား​ပြီး ထို​ကျောက်​ပေါ်၌ သူ့​ကို​ထိုင်​စေ​၏​။ ထို့နောက် သူ​တို့​သည် မောရှေ​၏​လက်​ကို တစ်ယောက်​တစ်ဖက်စီ မ​ထား​ကြ​သဖြင့် နေ​ဝင်​သည့်​တိုင်အောင် သူ​၏​လက်​သည် မြဲမြံ​လေ​၏​။


ထို့နောက် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ဘဲ အစဉ်​ဆုတောင်း​ရ​မည့်​အကြောင်း ကိုယ်တော်​သည် ပုံ​ဥပမာ​အားဖြင့် လူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ


သို့ဖြစ်၍ အမျိုးသား​တို့​သည် အမျက်ထွက်​ခြင်း​နှင့်​ငြင်းခုံ​ခြင်း​တို့​မ​ရှိ​ဘဲ အရပ်ရပ်​တို့​၌ သန့်ရှင်း​သော​လက်​ကို​မြှောက်ချီ​၍​ဆုတောင်း​ကြ​ရန် ငါ​အလိုရှိ​၏။


သို့ဖြစ်၍ သင်​တို့​သည် ကျန်းမာ​စေ​ခြင်း​ကို​ခံရ​မည့်​အကြောင်း တစ်ဦး​နှင့်​တစ်ဦး မိမိ​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် အချင်းချင်း​အတွက် ဆုတောင်း​ကြ​လော့။ ဖြောင့်မတ်​သော​သူ​၏​စိတ်အား​ထက်သန်​သည့်​ဆုတောင်း​ချက်​သည် အလွန်​တန်ခိုး​ပါ​၍ ထိရောက်​မှု​ရှိ​၏။


အာဣ​မြို့သား​တို့​ကို ချေမှုန်း​၍​မ​ပြီး​မ​ချင်း ယောရှု​သည် လှံ​ရွယ်​ထား​သော​လက်​ကို မ​ချ​။