ထို့နောက် မောရှေသည် အစ္စရေးလူမျိုးတို့ကို ပင်လယ်နီမှ ဆောင်သွားသဖြင့် ရှုရတောကန္တာရသို့ရောက်ကြ၏။ သူတို့သည် တောကန္တာရထဲ၌ သုံးရက်ပတ်လုံးလျှောက်သွား၍ ရေကိုမတွေ့ရကြ။
ထွက်မြောက် 17:1 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်း သိန်တောကန္တာရမှထွက်ခွာ၍ ခရီးဆက်ကာ ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်၌ လူတို့သောက်ရန် ရေမရှိပေ။ Common Language Bible ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏အမိန့်တော်အတိုင်းသိန် ဟုခေါ်သောတောကန္တာရမှထွက်၍ စခန်း တစ်ထောက်ပြီးတစ်ထောက်နားလျက်ခရီး သွားကြ၏။ သူတို့သည်ရေဖိဒိမ်အရပ်သို့ ရောက်၍စခန်းချကြ၏။ သို့ရာတွင်ထို အရပ်၌သောက်စရာရေမရှိ။- Garrad Bible ဣ သ ရေ လ အ မျိုး သား အ ပေါင်း ပ ရိ သတ် သည် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း သိန် တော မှ ခ ရီး ကောက် ချီ၍၊ ရေ ဖိ ဒိမ် စ ခန်း ၌ စွဲ ရပ် ကြ ၏။ ၎င်း စ ခန်း တွင် သောက် ရန် ရေ မ ရှိ သော ကြောင့်၊ Judson Bible ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ သိန်တောထဲကထွက်၍ခရီးသွားသဖြင့်၊ ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်၌ လူများသောက်ဖို့ရာရေမရှိ။ |
ထို့နောက် မောရှေသည် အစ္စရေးလူမျိုးတို့ကို ပင်လယ်နီမှ ဆောင်သွားသဖြင့် ရှုရတောကန္တာရသို့ရောက်ကြ၏။ သူတို့သည် တောကန္တာရထဲ၌ သုံးရက်ပတ်လုံးလျှောက်သွား၍ ရေကိုမတွေ့ရကြ။
တစ်ဖန် အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ဧလိမ်အရပ်မှခရီးပြုကြ၏။ အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယလ၊ တစ်ဆယ့်ငါးရက်နေ့၌ ဧလိမ်အရပ်နှင့်သိနာတောင်ကြားရှိ သိန်တောကန္တာရသို့ ရောက်ကြ၏။
ထို့နောက် အာမလက်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရေဖိဒိမ်အရပ်၌ လာ၍တိုက်ခိုက်ကြ၏။
ထိုသို့ ရေဖိဒိမ်အရပ်မှ ထွက်ခွာလာ၍ သိနာတောကန္တာရသို့ရောက်လာသောအစ္စရေးလူမျိုးတို့သည် ထိုတောကန္တာရရှိ သိနာတောင်ရှေ့၌ စခန်းချကြ၏။
မိုးတိမ်သည် တဲတော်အပေါ်မှ ကွာသည့်အခါ အစ္စရေးအမျိုးသားတို့ ခရီးပြုကြ၏။ မိုးတိမ်ရပ်တန့်သည့်နေရာတွင် အစ္စရေးအမျိုးသားတို့ စခန်းချကြ၏။
ထာဝရဘုရား၏အမိန့်တော်အတိုင်း သူတို့ စခန်းချကြ၏၊ ထာဝရဘုရား၏အမိန့်တော်အတိုင်း သူတို့ ခရီးပြုကြ၏။ မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူတို့သည် ထာဝရဘုရား၏ညွှန်ကြားချက်ကို စောင့်လျက်နေကြ၏။