သင့်ညီအစ်ကို၏နွားဖြစ်စေ၊ သိုးဖြစ်စေ မျက်စိလည်လမ်းမှားနေသည်ကို သင်တွေ့လျှင် မသိကျိုးကျွန်မပြုရ။ သင့်ညီအစ်ကိုထံသို့ ဆက်ဆက်ပြန်ပို့ပေးရမည်။
တရားဟော 22:3 - မြန်မာ့စံမီသမ္မာကျမ်း မြည်းဖြစ်စေ၊ အဝတ်အစားဖြစ်စေ သင့်ညီအစ်ကို၏ပစ္စည်းတစ်ခုခုပျောက်ဆုံးသွား၍ ထိုပျောက်ဆုံးပစ္စည်းကို သင်တွေ့သောအခါ မသိကျိုးကျွန်မပြုဘဲ ထိုနည်းတူပြုရမည်။ Common Language Bible ဣသရေလအမျိုးသားချင်း၏မြည်းဖြစ် စေ၊ အဝတ်အထည်ဖြစ်စေ၊ အခြားအရာ တစ်စုံတစ်ခုဖြစ်စေပျောက်ဆုံး၍ သင်တွေ့ လျှင်ထိုနည်းအတိုင်းဆောင်ရွက်ရမည်။'' Garrad Bible ဆွေ မျိုး သား ချင်း၏ ပျောက် သော မြည်း ကို သော်လည်း ကောင်း၊ အ ထည် ကို သော်လည်း ကောင်း၊ အ ခြား တစ် စုံ တစ် ရာ ကို သော်လည်း ကောင်း၊ သင် တွေ့ လျှင်၊ မျက် နှာ မ လွှဲ ဘဲ၊ ထို နည်း တူ ပြု လော့။ Judson Bible မြည်းဖြစ်စေ၊ အဝတ်ဖြစ်စေ၊ ညီအစ်ကို၏ဥစ္စာ တစ်စုံတစ်ခုပျောက်၍ သင်တွေ့မိလျှင်၊ ကြည့်၍မနေဘဲ ထိုအတူပြုရမည်။ |
သင့်ညီအစ်ကို၏နွားဖြစ်စေ၊ သိုးဖြစ်စေ မျက်စိလည်လမ်းမှားနေသည်ကို သင်တွေ့လျှင် မသိကျိုးကျွန်မပြုရ။ သင့်ညီအစ်ကိုထံသို့ ဆက်ဆက်ပြန်ပို့ပေးရမည်။
သင့်ညီအစ်ကိုသည် သင်နှင့်အနေဝေးလျှင်ဖြစ်စေ၊ သူ့ကို သင်မသိလျှင်ဖြစ်စေ သင်သည် ထိုတိရစ္ဆာန်ကို သင့်အိမ်သို့ဆောင်သွားပြီး သင့်ညီအစ်ကိုလာရှာသည်အထိ သင့်ထံ၌ ထား၍ သူ့ကို ပြန်ပေးရမည်။
သင့်ညီအစ်ကို၏မြည်းဖြစ်စေ၊ နွားဖြစ်စေ လမ်း၌လဲနေသည်ကို သင်တွေ့လျှင် မသိကျိုးကျွန်မပြုရ။ သူ့ကိုဝိုင်းကူ၍ ဆွဲထူပေးရမည်။