အို အီဂျစ်ပြည်၊ ကိုယ်တော်သည် နိမိတ်လက္ခဏာများနှင့်တန်ခိုးလက္ခဏာတို့ကို သင်၏အလယ်၊ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့အပေါ် ကျရောက်စေတော်မူ၏။
တရားဟော 11:3 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်၌ အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့်တကွ သူ၏ပြည်သူပြည်သားတစ်ရပ်လုံးကို နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုများပြတော်မူခဲ့ပုံနှင့် Common Language Bible နိမိတ်လက္ခဏာများကိုသင်တို့မြင်ခဲ့ရကြ သည်။ ကိုယ်တော်သည်အီဂျစ်ဘုရင်နှင့်သူ၏တိုင်း ပြည်တစ်ခုလုံးကို မည်ကဲ့သို့ဒဏ်ခတ်တော်မူ သည်ကိုသင်တို့မြင်ခဲ့ရ၏။- Judson Bible ထူးဆန်းသောတန်ခိုးတော်ကိုလည်းကောင်း၊ အဲဂုတ္တုပြည်၌၊ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် ပြည်သူပြည်သားများတို့အား ပြုတော်မူသောအမှုကိုလည်းကောင်း၊ |
အို အီဂျစ်ပြည်၊ ကိုယ်တော်သည် နိမိတ်လက္ခဏာများနှင့်တန်ခိုးလက္ခဏာတို့ကို သင်၏အလယ်၊ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့အပေါ် ကျရောက်စေတော်မူ၏။
သင်တို့ရှေ့မှကြွတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် သင်တို့အဖို့ပြုပေးသကဲ့သို့၊
အီဂျစ်စစ်သည်များ၊ မြင်းများ၊ စစ်ရထားများအား သင်တို့နောက်မှ လိုက်လာသောအခါ ထာဝရဘုရားသည် သူတို့ကို ပင်လယ်နီရေဖြင့်လွှမ်းမိုးစေ၍ ဖျက်ဆီးတော်မူခဲ့ပုံ၊
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။
သင်ကိုယ်တိုင်တွေ့မြင်ခဲ့ရသည့် ပြင်းထန်သောစုံစမ်းမှုများကိုလည်းကောင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်အမှုများကိုလည်းကောင်း၊ အားကြီးသောလက်နှင့် လက်ရုံးတော်ကို ဆန့်လျက် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားထုတ်ဆောင်တော်မူခဲ့သည်ကိုလည်းကောင်း အထူးအောက်မေ့ရမည်။ သင်ကြောက်ရွံ့ရသည့်လူမျိုးအပေါင်းတို့ကိုလည်း သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုနည်းတူပြုတော်မူမည်။