အချို့မှာ အမှုတော်နှင့်ဆိုင်သော အသုံးအဆောင်များကို ထိန်းသိမ်းပေးရ၏။ ထိုအသုံးအဆောင်များကို ထုတ်ပေးသောအခါ ရေတွက်ပြီး ပြန်လည်သိမ်းဆည်းသောအခါ ရေတွက်စိစစ်ပေးရ၏။
တောလည် 4:12 - မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းရာဌာန၌ အမှုတော်ဆောင်ရွက်ရာတွင် အသုံးပြုသည့် အမှုတော်နှင့်ဆိုင်သောတန်ဆာပလာရှိသမျှတို့ကိုယူပြီးလျှင် အပြာရောင်အဝတ်နှင့်ထုပ်၍ တဟာရှသားရေဖုံးဖြင့် ဖုံးအုပ်ပြီး ထမ်းစင်ပေါ်တင်ရမည်။ Common Language Bible သန့်ရှင်းရာဌာနတော်ထဲတွင်အသုံးပြု သောခွက်ယောက်အားလုံးကိုအပြာထည် ဖြင့်ထုပ်၍ အပြာထည်အပေါ်၌နူးညံ့ သောသားရေထည်ဖြင့်ဖုံးအုပ်ပြီးလျှင် ထမ်းစင်ပေါ်သို့တင်ရမည်။- Garrad Bible သန့် ရှင်း ရာ ဌာ န တော် တွင် သုံး သော ကိ ရိ ယာ များ ကို ယူ ပြီး လျှင် အ ပြာ ထည် အိတ် တွင် ထည့် လျက် ဖျံ ရေ ဖြင့် ဖုံး၍ ထမ်း ပိုး လျှို ခြင်း၊ Judson Bible သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည်အိတ်ထဲ၌ သွင်းထား၍၊ တဟာရှသားရေဖြင့်အုပ်ပြီးမှ ထမ်းပိုးကိုတပ်ရမည်။ |
အချို့မှာ အမှုတော်နှင့်ဆိုင်သော အသုံးအဆောင်များကို ထိန်းသိမ်းပေးရ၏။ ထိုအသုံးအဆောင်များကို ထုတ်ပေးသောအခါ ရေတွက်ပြီး ပြန်လည်သိမ်းဆည်းသောအခါ ရေတွက်စိစစ်ပေးရ၏။
အချို့မှာ သန့်ရှင်းရာဌာန၏အသုံးအဆောင်အားလုံးနှင့် ဂျုံမှုန့်၊ စပျစ်ဝိုင်၊ ဆီ၊ လော်ဗန်၊ အမွှေးနံ့သာ စသည့်အသုံးအဆောင်တို့ကို ထိန်းသိမ်းပေးရ၏။
ထို့ပြင် ဟုရံသည် အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ထိုသို့ ဟုရံသည် ရှောလမုန်မင်းကြီးအဖို့ ဘုရားသခင်၏အိမ်တော်၌ လုပ်ဆောင်စရာတို့ကို လုပ်ဆောင်ပြီးစီးသွား၏။
အိုးများ၊ ဂေါ်ပြားများ၊ ခက်ရင်းခွများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။
ရှောလမုန်မင်းကြီးသည် ဘုရားသခင်အိမ်တော်အတွက် အသုံးအဆောင်ပစ္စည်းအလုံးစုံကို သွန်းလုပ်၏။ ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊
မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အိမ်တော်တံခါး၊ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် ဗိမာန်တော်ပင်မဆောင်၏တံခါးကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
ကိန်းဝပ်တော်မူရာတဲတော်၏ပုံစံနှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့၏ပုံစံကို သင့်အားငါပြသမျှအတိုင်း သင်တို့လုပ်ရမည်။
ယဇ်ပုရောဟိတ်အာရုန်အတွက်ရက်ထည်အဝတ်တန်ဆာ၊ သန့်ရှင်းသောအဝတ်တန်ဆာနှင့် ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ဆောင်ရွက်မည့် သူ့သားတို့အတွက် အဝတ်တန်ဆာကိုလည်းကောင်း၊
တွေ့ဆုံစည်းဝေးရာတဲတော်၏တန်ဆာပလာရှိသမျှကို ထိန်းသိမ်းရမည်၊ အစ္စရေးအမျိုးသားတို့နှင့်ဆိုင်သောအလုပ်ဖြစ်သည့် ကိန်းဝပ်တော်မူရာတဲတော်၏အမှုကိုလည်း လုပ်ဆောင်ရမည်။
ရွှေယဇ်ပလ္လင်ပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်း၍ ထိုအဝတ်ကို တဟာရှသားရေဖုံးဖြင့် ဖုံးအုပ်ပြီးလျှင် ရွှေယဇ်ပလ္လင်၏ထမ်းပိုးများကို လျှိုသွင်းရမည်။
ယဇ်ပလ္လင်မှ ပြာကိုဖယ်ရှားပြီးလျှင် ယဇ်ပလ္လင်ပေါ်၌ ခရမ်းရောင်အဝတ်ကိုဖြန့်ခင်းရမည်။
ကန့်လန့်ကာပေါ်၌ တဟာရှသားရေဖုံးကို ဖုံးအုပ်၍ ထိုအပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်းပြီးလျှင် သေတ္တာ၏ထမ်းပိုးများကို လျှိုသွင်းရမည်။
ရှေ့တော်မုန့်စားပွဲပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်း၍ ထိုအပေါ်၌ လင်ပန်းများ၊ ခွက်များ၊ ပန်းကန်လုံးများ၊ သွန်းလောင်းရာပူဇော်သက္ကာအတွက် ကရားများကို တင်ရမည်။ နေ့စဉ်တင်ရသောရှေ့တော်မုန့်ကိုလည်း စားပွဲပေါ်၌ ထားရှိရမည်။
အပြာရောင်အဝတ်ကိုယူပြီး မီးထွန်းရန်အတွက် ဆီမီးခုံမှစ၍ ဆီမီးခုံ၏မီးခွက်များ၊ မီးညှပ်များ၊ မီးကျီးခံဗန်းများနှင့် ဆီမီးခုံနှင့်ဆိုင်သောအမှုကိုဆောင်ရွက်ရာတွင် အသုံးပြုသည့် ဆီအိုးရှိသမျှတို့ကို ဖုံးအုပ်ရမည်။