တောလည် 26:9 - မြန်မာ့စံမီသမ္မာကျမ်း ဧလျာဘ၏သားများမှာ နေမွေလ၊ ဒါသန်၊ အဘိရံ တို့ဖြစ်ကြ၏။ ဤဒါသန်နှင့်အဘိရံသည် လူထု၏ရွေးကောက်တင်မြှောက်ခြင်းခံရသူများဖြစ်ပြီး ကောရ၏အပေါင်းပါများနှင့်အတူ မောရှေနှင့်အာရုန်ကိုဆန့်ကျင်ပုန်ကန်သောသူများ၊ ထာဝရဘုရားကိုဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်ကြ၏။ Common Language Bible သူ၏သားများဖြစ်သောနေမွေလ၊ ဒါသန်၊ အဘိရံတို့ဖြစ်ကြသည်။ (ဒါသန်နှင့်အဘိရံ တို့သည်ဣသရေလအမျိုးသားအပေါင်း တို့ကခေါင်းဆောင်အဖြစ်ရွေးချယ်ခြင်းခံရ၍ မောရှေနှင့်အာရုန်တို့၏အာဏာကိုဖီဆန် လျက် ကောရ၏နောက်လိုက်များနှင့်အတူ ထာဝရဘုရားကိုပုန်ကန်ခဲ့သူများ ဖြစ်ကြ၏။- Garrad Bible ဧ လျာ ဘ သား များ ကား၊ နေ မွေ လ၊ ဒါ သန်၊ အ ဘိ ရံ တို့ တည်း။ ထို ဒါ သန်၊ အ ဘိ ရံ တို့ သည် လူ ပ ရိ သတ် တိုင် ပင် ဘက် ဖြစ် လျက် ပင် ထာ ဝ ရ ဘု ရား ကို ခိုက် ရန် ပြု သော ကော ရ၏ အ ပေါင်း အ သင်း ပါ ဝင်၍ မော ရှေ၊ အာ ရုန် တို့ အား ခိုက် ရန် ပြု ပြီး မှ၊ Judson Bible ဤဒါသန်၊ အဘိရံတို့သည်အခြားမဟုတ်၊ ကောရအပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက်ပြုသောအခါ၊ ပရိသတ်၌ကျော်စော၍ မောရှေနှင့် အာရုန်ကိုဆန့်ကျင်ဘက်ပြုသော ဒါသန်၊ အဘိရံဖြစ်ကြ၏။ |
ထိုသူတို့သည် လူထုထဲမှ ရွေးကောက်ထားသောဘိုးဘေးတို့၏အမျိုးအနွယ်ခေါင်းဆောင်များဖြစ်ကြ၏။ အစ္စရေးမျိုးနွယ်စုတို့၏အကြီးအမှူးများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
သူတို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကာဣန၏လမ်းစဉ်ကိုလိုက်၍ အခကြေးငွေအတွက် ဗာလမ်၏မှားယွင်းခြင်းထဲသို့ကျရောက်သွားကာ ကောရ၏ဆန့်ကျင်မှုမျိုး၌ ပျက်စီးဆုံးရှုံးကြ၏။