ဇိအုန်တောင်ပေါ်တွင် တံပိုးမှုတ်ကြလော့။ ငါ၏သန့်ရှင်းရာတောင်တော်ပေါ်တွင် သတိပေးသံပြုကြလော့။ ထာဝရဘုရား၏နေ့ရက်သည် လာနေပြီ၊ အမှန်ပင် ရောက်လုနီးပြီဖြစ်သောကြောင့် ပြည်သူပြည်သားအပေါင်းတို့၊ ထိတ်လန့်တုန်လှုပ်ကြလော့။
တောလည် 10:7 - မြန်မာ့စံမီသမ္မာကျမ်း လူအစုအဝေးကို စုရုံးစေလိုလျှင်လည်း မှုတ်ရမည်။ သို့သော် တပ်လှန့်အချက်ပေးသံအဖြစ် မမှုတ်ရ။ Common Language Bible သို့ဖြစ်၍တံပိုးခရာကိုပြတ်တောင်းမှုတ်သည့် အခါ စခန်းဖြုတ်ရကြမည်။ သို့ရာတွင်လူ အပေါင်းတို့ကိုစုဝေးစေရန်ဆင့်ခေါ်သည့် အခါ တံပိုးခရာကိုအသံရှည်ဆွဲ၍မှုတ် ရမည်။- Garrad Bible ပ ရိ သတ် ကို စု ရုံး စေ လို သော် ကား အ ချက် သံ မ ပေး ဘဲ မှုတ် ကြ စေ။ Judson Bible ပရိသတ်စည်းဝေးစေခြင်းငှာ နှိုးဆော်သံကိုမပြုဘဲ တံပိုးမှုတ်ရမည်။ |
ဇိအုန်တောင်ပေါ်တွင် တံပိုးမှုတ်ကြလော့။ ငါ၏သန့်ရှင်းရာတောင်တော်ပေါ်တွင် သတိပေးသံပြုကြလော့။ ထာဝရဘုရား၏နေ့ရက်သည် လာနေပြီ၊ အမှန်ပင် ရောက်လုနီးပြီဖြစ်သောကြောင့် ပြည်သူပြည်သားအပေါင်းတို့၊ ထိတ်လန့်တုန်လှုပ်ကြလော့။
အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးခရာတို့ကို မှုတ်ကြရမည်။ ဤသည်ကား သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။