သို့သော် ဖခင်သည်ငြင်းဆန်လျက် “ငါသိ၏ ငါ့သား။ ငါသိ၏။ သူသည် လူမျိုးတစ်မျိုးဖြစ်လာမည်။ ကြီးမြတ်သောသူလည်းဖြစ်လာမည်။ သို့သော် ညီသည် အစ်ကိုထက်ကြီးမြတ်၍ ညီ၏သားစဉ်မြေးဆက်သည် လူမျိုးများစွာဖြစ်လာမည်”ဟု ဆို၏။
တောလည် 1:33 - မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်အမျိုးအနွယ်ထဲမှ လေးသောင်းငါးရာ ရှိ၏။ Judson Bible အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း လေးသောင်းငါးရာရှိကြ၏။ |
သို့သော် ဖခင်သည်ငြင်းဆန်လျက် “ငါသိ၏ ငါ့သား။ ငါသိ၏။ သူသည် လူမျိုးတစ်မျိုးဖြစ်လာမည်။ ကြီးမြတ်သောသူလည်းဖြစ်လာမည်။ သို့သော် ညီသည် အစ်ကိုထက်ကြီးမြတ်၍ ညီ၏သားစဉ်မြေးဆက်သည် လူမျိုးများစွာဖြစ်လာမည်”ဟု ဆို၏။
အီဂျစ်ပြည်သို့ငါမရောက်လာမီ အီဂျစ်ပြည်၌ သင်ရနှင့်သော သားနှစ်ယောက်သည် ငါ့သားများဖြစ်၏။ ဧဖရိမ်နှင့်မနာရှေသည် ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားများဖြစ်ရမည်။
ယောသပ်၏သားမြေးဖြစ်သော ဧဖရိမ်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူအားလုံး၏အရေအတွက်မှာ
မနာရှေ၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူအားလုံး၏အရေအတွက်မှာ
ဤသည်ကား ဧဖရိမ်အမျိုးအနွယ်၏မျိုးနွယ်စုများဖြစ်ပြီး သူတို့၏အရေအတွက်မှာ သုံးသောင်းနှစ်ထောင့်ငါးရာရှိ၏။ ဤသည်ကား မျိုးနွယ်စုအလိုက် ယောသပ်၏အမျိုးအနွယ် တို့ဖြစ်ကြ၏။
သူ၏နွားသားဦးသည် သူ၏ဂုဏ်ကျက်သရေဖြစ်၏။ သူ၏ဦးချိုသည် နွားရိုင်းဦးချိုကဲ့သို့ဖြစ်၏။ သူသည် ထိုဦးချိုဖြင့် လူမျိုးတကာတို့ကို မြေကြီးစွန်းတိုင်အောင် တစ်ချက်တည်းဝှေ့ပစ်မည်။ ထိုဦးချိုများသည် သောင်းပေါင်းများစွာသောဧဖရိမ်အမျိုး၊ ထောင်ပေါင်းများစွာသောမနာရှေအမျိုး ဖြစ်၏။