La Biblia Online

Anuncios


Toda la Biblia A.T. N.T.




တမန်တော်ဝတ္ထု 6:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ပြင် သက်ကြီးဝါကြီး​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် လူထု​များ​ကို လှုံ့ဆော်​၍ သူ့​ကို​ဝင်ရောက်​ဖမ်းဆီး​ကာ တရား​လွှတ်တော်​သို့ ခေါ်ဆောင်​သွား​ကြ​၏။

Ver Capítulo

Common Language Bible

ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​လူ​များ၊ ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ အား​နှိုး​ဆွ​ပေး​ကြ​၏။ သူ​တို့​သည်​သူ့​ကို ဖမ်း​ဆီး​၍​တ​ရား​လွှတ်​တော်​သို့​ပို့​ကြ​၏။-

Ver Capítulo

Garrad Bible

ပြည် သူ ပြည် သား လူ ကြီး နှင့် ကျမ်း တတ် ဆ ရာ တို့ ကို ထ ကြွ စေ ပြီး လျှင်၊ သ တေ ဖန် ကို လာ ရောက် ဖမ်း ဆီး လျက် လွှတ် တော် သို့ ခေါ် သွင်း ကြ ၏။

Ver Capítulo

Judson Bible

လူ​များ​ကို​လည်း​ကောင်း၊ အ​ကြီး​အ​ကဲ၊ ကျမ်း​ပြု​ဆ​ရာ​တို့​ကို​လည်း​ကောင်း နှိုး​ဆော်၍၊ သ​တေ​ဖန်​ထံ​သို့​လာ​သ​ဖြင့် ဖမ်း​ဆီး၍ လွှတ်​တော်​သို့​ပို့​ကြ၏။-

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သူတို့​သည် လူများ​ကို​လည်းကောင်း၊ အကြီးအကဲများ​နှင့် ကျမ်းတတ်ဆရာများ​ကို​လည်းကောင်း သွေးထိုးကြ​ပြီးနောက် သတေဖန်​အား ဖမ်းဆီး​၍ တရားလွှတ်တော်​သို့ ခေါ်ဆောင်သွားကြ၏။

Ver Capítulo



တမန်တော်ဝတ္ထု 6:12
15 Referencias Cruzadas  

ဒေါသကြီး​သော​သူ​သည် အငြင်းပွားမှု​ဖြစ်ရန်​လှုံ့ဆော်​တတ်​၏​။ စိတ်ရှည်​သော​သူ​မူကား ခိုက်ရန်ဖြစ်ပွား​ခြင်း​ကို​ငြိမ်း​စေ​တတ်​၏​။


ယေရှု​ကို​ဖမ်းဆီး​သော​သူ​တို့​သည် ကျမ်းပြု​ဆရာ​များ​နှင့်​သက်ကြီးဝါကြီး​များ​စုဝေး​ရာ ယဇ်ပုရောဟိတ်​မင်း​ကယာဖ​ထံသို့ ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။


သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိမိ​ညီအစ်ကို​အပေါ် အမျက်ထွက်​သော​သူ​တိုင်း​သည် အပြစ်​စီရင်​ခြင်း​ကို​ခံထိုက်​၏။ မိမိ​ညီအစ်ကို​အား ‘အလကား​လူ’​ဟု ပြော​သော​သူ​သည် တရား​လွှတ်တော်​လက်​သို့ အပ်နှံ​ခြင်း​ခံထိုက်​၍ ‘လူမိုက်’​ဟု ပြော​သော​သူ​သည် ငရဲ​မီး​ဒဏ်​ကို​ခံထိုက်​၏။


တစ်​နေ့​သ၌ ကိုယ်တော်​သည် ဗိမာန်​တော်​တွင် လူ​တို့​အား​သွန်သင်​လျက် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ၊ ကျမ်းပြု​ဆရာ​များ​နှင့် သက်ကြီးဝါကြီး​များ​သည် ရောက်လာ​၍


သို့သော် ဂျူး​လူမျိုး​တို့​သည် ဘုရားသခင်​ကို​ကိုးကွယ်​သော ဂုဏ်သရေ​ရှိ​အမျိုးသမီး​များ​နှင့် မြို့​၏​ခေါင်းဆောင်​များ​ကို တိုက်တွန်း​၍ ပေါလု​နှင့်​ဗာနဗ​တို့​ကို ညှဉ်းဆဲ​စေရန် သွေးထိုး​လှုံ့ဆော်​ကာ သူ​တို့​ကို မိမိ​တို့​၏​အရပ်​ဒေသ​မှ နှင်ထုတ်​ကြ​၏။


သို့သော် မ​ယုံကြည်​သော​ဂျူး​လူမျိုး​တို့​သည် လူမျိုးခြား​တို့​ကို သွေးထိုး​လှုံ့ဆော်​၍ ညီအစ်ကို​တို့​အပေါ် မလိုမုန်းထား​စိတ် ဖြစ်ပေါ်​စေ​ကြ​၏။


သို့သော် ပေါလု​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ဗေရိ​မြို့​တွင်​လည်း ဟောပြော​နေ​ကြောင်း သက်သာလောနိတ်​မြို့​မှ ဂျူး​လူမျိုး​တို့ ကြားသိ​ကြ​သောအခါ ထို​အရပ်​သို့​လိုက်​လာ​၍ လူထု​ပရိသတ်​များ​ကို​လှုံ့ဆော်​ကာ မငြိမ်မသက်​ဖြစ်​စေ​ကြ​၏။


သို့သော် ဂါလျုန်​သည် အခါယ​ပြည်​၏​အုပ်ချုပ်ရေးမှူး​ဖြစ်​စဉ် ဂျူး​လူမျိုး​တို့​သည် ပေါလု​ကို တညီတညွတ်တည်း​ဆန့်ကျင်​၍ သူ့​ကို တရားခွင်​သို့ ခေါ်ဆောင်​သွား​ပြီးလျှင်


ခုနစ်​ရက်​ကာလ​ပြည့်​လုနီး​သောအခါ အာရှ​ပြည်​မှ​လာ​သော​ဂျူး​လူမျိုး​အချို့​တို့​သည် ပေါလု​ကို ဗိမာန်​တော်​၌​တွေ့​ကြ​လျှင် လူထု​ပရိသတ်​အားလုံး​ကို ရုန်းရင်းဆန်ခတ်​ဖြစ်​စေ​၍ သူ့​ကို​ဖမ်းဆီး​ကာ


တမန်တော်​တို့​ကို​ဖမ်းဆီး​ကာ ပြည်သူ့​အချုပ်​ထောင်​ထဲ၌ ထည့်​ထား​ကြ​၏။


သူ​တို့​ကို​ခေါ်ဆောင်​လာ​ကြ​၏။ တမန်တော်​တို့​သည် တရား​လွှတ်တော်​ရှေ့၌​ရပ်​ကြ​သောအခါ ယဇ်ပုရောဟိတ်​မင်း​က


ထိုအခါ သူ​တို့​သည် လူ​တို့​ကို​သွေးထိုး​ပေး​၍ “ဤ​သူ​သည် မောရှေ​နှင့်​ဘုရားသခင်​အား စော်ကား​သည့်​စကား​များ​ပြောဆို​နေ​သည်​ကို ငါ​တို့​ကြား​ရ​သည်”​ဟု ဆို​စေ​ကြ​၏။