လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
တမန်တော်ဝတ္ထု 23:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အော်ဟစ်သံများ ကျယ်လောင်လာပြီး ဖာရိရှဲတို့အဖွဲ့မှ ကျမ်းပြုဆရာအချို့တို့သည်ထ၍ “ဤသူ၌ မည်သည့်အပြစ်ကိုမျှ ငါတို့မတွေ့။ ဝိညာဉ်၊ သို့မဟုတ် ကောင်းကင်တမန်တစ်ပါးပါးက သူ့အားမြွက်ဆိုခဲ့သည်ဆိုလျှင် မည်သို့နည်း”ဟု ပြင်းထန်စွာငြင်းခုံပြောဆိုကြ၏။ Common Language Bible သူတို့ဟစ်အော်ပြောဆိုမှုသည်ပိုမိုကျယ် လောင်လာတော့၏။ ဖာရိရှဲဂိုဏ်းဝင်ကျမ်းတတ် ဆရာအချို့တို့သည်ထ၍ ``ဤသူ၌အဘယ် အပြစ်ကိုမျှငါတို့မတွေ့။ ဝိညာဉ်တစ်ပါး ကသော်လည်းကောင်း၊ ကောင်းကင်တမန်တစ် ပါးကသော်လည်းကောင်းသူ့အားမြွက်ဆို ကောင်းမြွက်ဆိုခဲ့လိမ့်မည်'' ဟုငြင်းခုံပြော ဆိုကြ၏။ Garrad Bible သို့ ဖြစ်၍ ကြီး စွာ သော ဆူ ညံ ခြင်း ဖြစ် ပွား သ ဖြင့် ဖာ ရိ ရှဲ ဂိုဏ်း ပါ ကျမ်း တတ် ဆ ရာ အ ချို့ ထ ပြီး လျှင် ဤ သူ၌ ပြစ် မှု ကို ငါ တို့ မ တွေ့။ နံ ဝိ ညာဉ် ဖြစ် စေ၊ စေ တ မန် တော် ဖြစ် စေ၊ သူ့ အား မြွက် ဆို ခဲ့ လျှင် အ သို့ နည်း ဟု ဘက် ပြိုင် ပြော ဆို ကြ၏။ Judson Bible အော်ဟစ်သံများ၍၊ ဖာရိရှဲတို့ဘက်၌နေသော ကျမ်းဆရာတို့သည် ထလျက် ပြင်းစွာငြင်းခုံ၍၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါတို့မတွေ့။ နာမ်ဝိညာဉ်သော်လည်းကောင်း၊ ကောင်းကင်တမန်သော်လည်းကောင်း သူ့ကိုပြောလျှင်၊ ဘုရားသခင်၏ အာဏာတော်ကို မဆန်ကြနှင့်ဟု ဆိုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆူညံအော်ဟစ်သံများကျယ်လောင်လာသဖြင့် ဖာရိရှဲအဖွဲ့ဝင် ကျမ်းတတ်ဆရာတချို့က ထ၍ “ဤလူနှင့်ပတ်သက်၍ မှားယွင်းသောအရာ တစ်စုံတစ်ခုမှမတွေ့ပါ။ ဝိညာဉ်တစ်ပါး၊ သို့မဟုတ် ကောင်းကင်တမန်တစ်ပါးက သူ့ကိုစကားပြောခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု ပြင်းထန်စွာ ငြင်းခုံပြောဆိုကြ၏။ |
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
ထိုအခါ မှူးမတ်တို့နှင့် ပြည်သူပြည်သားတို့က ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား “ဤသူသည် ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ဖြင့် ငါတို့အား ဟောပြောသည်ဖြစ်၍ သေဒဏ်မခံထိုက်ပါ”ဟု ဆိုကြ၏။
ကိုယ်တော်သည် အပြစ်သားများ၊ အခွန်ကောက်ခံသူများနှင့်အတူ စားသောက်လျက်နေသည်ကို ဖာရိရှဲတို့ထဲမှ ကျမ်းပြုဆရာများမြင်လျှင် “သူသည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်သနည်း”ဟု တပည့်တော်တို့အား မေးမြန်းကြ၏။
ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ ဤသူသည် မည်သည့်မကောင်းမှုကိုပြုခဲ့သနည်း။ ငါသည် သူ၌ သေထိုက်သောအပြစ်ကိုမတွေ့။ ထို့ကြောင့် သူ့ကိုဆုံးမပြီး လွှတ်လိုက်မည်”ဟု တတိယအကြိမ် သူတို့အား ဆိုလေ၏။
ထိုအခါ ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုပရိသတ်တို့အား “ဤသူ၌ အပြစ်တစ်စုံတစ်ခုကိုမျှ ငါမတွေ့”ဟု ဆို၏။
ထိုအခါ ဖာရိရှဲတို့နှင့် သူတို့ထဲမှကျမ်းပြုဆရာတို့က “သင်တို့သည် အဘယ်ကြောင့် အခွန်ကောက်ခံသူများ၊ အပြစ်သားများနှင့်အတူ စားသောက်ကြသနည်း”ဟု တပည့်တော်တို့အား မကျေမနပ်ပြောဆိုကြ၏။
အနီးနား၌ရပ်နေ၍ ထိုအသံကိုကြားကြသော လူထုပရိသတ်တို့က “မိုးချုန်းသည်”ဟု ဆိုကြ၏။ အခြားသောသူတို့ကမူ “ကောင်းကင်တမန်က သူ့ကိုမြွက်ဆိုသည်”ဟု ဆိုကြ၏။
ဤသို့ဖြင့် ဘုရားသခင်သည် သခင်ယေရှုခရစ်တော်ကိုယုံကြည်သောငါတို့အား ပေးတော်မူသကဲ့သို့ ထိုသူတို့ကိုလည်း တူညီသောကောင်းချီးလက်ဆောင်ကို ပေးတော်မူလျှင် ငါသည် မည်သို့သောသူဖြစ်၍ ဘုရားသခင်ကို တားဆီးနိုင်မည်နည်း”ဟု ဆိုလေ၏။
သို့သော် အကျွန်ုပ်ခရီးသွား၍ ဒမတ်စကပ်မြို့အနီးသို့ရောက်သောအခါ မွန်းတည့်ချိန်ခန့်၌ ကောင်းကင်မှ အလွန်တောက်ပသောအလင်းသည် အကျွန်ုပ်ပတ်လည်၌ ရုတ်တရက်ထွန်းတောက်ခဲ့ပါသည်။
ထိုအခါ အကျွန်ုပ်သည် မြေပေါ်သို့လဲကျသွားရာ‘ရှောလု၊ ရှောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း’ဟု အကျွန်ုပ်အားပြောသောအသံကို ကြားရပါသည်။
သူသည် သူတို့၏ပညတ်တရားနှင့်ဆိုင်သောပြဿနာများအတွက် စွဲဆိုခံနေရခြင်းဖြစ်ပြီး သေဒဏ်၊ သို့မဟုတ် အချုပ်အနှောင်ခံထိုက်သောအပြစ်မရှိကြောင်း အကျွန်ုပ်တွေ့ရပါသည်။
အကြောင်းမူကား ဇဒ္ဒုကဲတို့သည် ရှင်ပြန်ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန်နှင့်ဝိညာဉ်လည်းမရှိဟုဆိုကြ၏။ ဖာရိရှဲတို့မူကား ဤအရာအားလုံးရှိသည်ဟုခံယူကြ၏။
သို့ရာတွင် သူသည် သေဒဏ်ခံထိုက်သောအရာ တစ်စုံတစ်ခုကိုမျှ မပြုခဲ့ကြောင်း အကျွန်ုပ်သတိထားမိပါသည်။ သို့သော် သူကိုယ်တိုင် ဧကရာဇ်မင်းထံ အယူခံဝင်မည်ဟုဆိုသဖြင့် သူ့ကိုပို့ပေးရန် အကျွန်ုပ်ဆုံးဖြတ်ထားပါသည်။
သူတို့သည် ထွက်ခွာသွားပြီးနောက် “ဤသူသည် သေဒဏ်၊ သို့မဟုတ် အချုပ်အနှောင်ခံထိုက်သောအရာ တစ်စုံတစ်ခုမျှ မပြုခဲ့ပါ”ဟု အချင်းချင်းပြောဆိုကြ၏။
အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်ကိုပိုင်သတော်မူသည့် အကျွန်ုပ်ဝတ်ပြုသောဘုရားသခင်၏ကောင်းကင်တမန်သည် လွန်ခဲ့သောညက အကျွန်ုပ်အနီး၌ရပ်လျက်
သို့သော် ဘုရားသခင်ထံမှဖြစ်လျှင် သူတို့ကိုဖျက်ဆီး၍မရနိုင်သည်သာမက သင်တို့သည် ဘုရားသခင်ကိုဆန့်ကျင်သူများဖြစ်သွားနိုင်၏”ဟု ပြောဆိုလေ၏။ ထိုသူတို့သည်လည်း သူ၏အကြံပေးချက်ကို လက်ခံကြ၏။
သူသည် မြေပေါ်သို့လဲကျသွားရာ“ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း”ဟု သူ့အားပြောသောအသံကိုကြားရ၏။
ငါတို့သည် သခင်ဘုရားအား သဝန်တိုစေကြသလော။ ငါတို့သည် ကိုယ်တော်ထက် ခွန်အားကြီးကြသလော။
ရှမွေလကလည်း “သင်တို့ထံမှ မည်သည့်ပစ္စည်းတစ်စုံတစ်ရာမျှ မယူခဲ့ကြောင်း ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ ယနေ့ ကိုယ်တော်၏ဘိသိက်ခံသူလည်း သက်သေဖြစ်၏”ဟု ဆိုလျှင် သူတို့ကလည်း “သက်သေဖြစ်ပါ၏”ဟု ဆိုကြ၏။
ထို့နောက် ဒါဝိဒ်အား “သင်သည် ငါ့ထက် သာ၍ဖြောင့်မတ်ပါ၏။ ငါသည် သင့်ကို မကောင်းကြံခဲ့သော်လည်း သင်မူကား ငါ့ကို ကောင်းမွန်စွာဆက်ဆံခဲ့ပြီ။