La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဆာ​လံ 89:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ့​လက်​သည် သူ့​ကို​မြဲမြံ​စေ​မည်​။ ငါ့​လက်ရုံး​သည်​လည်း သူ့​ကို အင်အားကြီးမား​စေ​မည်​။

Ver Capítulo

Common Language Bible

သူ​သည်​ငါ့​ထံ​မှ​ခွန်​အား​ကို​အ​စဉ်​အ​မြဲ ရ​ရှိ​မည်။ ငါ​၏​တန်​ခိုး​အား​ဖြင့်​သူ့​အား​စွမ်း​သန် စေ​မည်။

Ver Capítulo

Garrad Bible

သူ့ အ ပေါ် တွင် လက် တော် တည် မြဲ လျက်၊ လက် ရုံး တော် ဖြင့် ခိုင် ခံ့ စေ မည့် အ လျောက်၊

Ver Capítulo

Judson Bible

သူ့​ဘက်​မှာ ငါ့​လက်​သည်​တည်​လိမ့်​မည်။ ငါ့​လက်​ရုံး​သည် သူ့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​မည်။

Ver Capítulo



ဆာ​လံ 89:21
11 Referencias Cruzadas  

ဒါဝိဒ်​မင်းကြီး​နောက်ဆုံး​မိန့်ဆို​ခဲ့​သော​စကား​။ ယေရှဲ​၏​သား ဒါဝိဒ်​မင်းကြီး​မိန့်ဆို​ခဲ့​သော​နိမိတ်စကား​။ အမြင့်ဆုံး​သို့ ချီးမြှောက်​ခြင်း​ခံရ​သူ​၊ ယာကုပ်​၏​ဘုရားသခင် ဘိသိက်ပေး​ထား​သူ​၊ အသာယာဆုံး​အစ္စရေး​သီချင်း​ကို​ရေးစပ်သီဆို​သူ မိန့်ဆို​ခဲ့​သော​နိမိတ်စကား​များ​ကား ဤသို့​တည်း​။


ကိုယ်တော်​၌ အစွမ်းတန်ခိုး​နှင့်​ပြည့်စုံ​သော​လက်ရုံး​တော်​ရှိ​ပါ​၏​။ ကိုယ်တော်​၏​လက်​တော်​သည် တန်ခိုးကြီး​၍ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ချီးမြှောက်​ခြင်း​ရှိ​ပါ​၏​။


မ​ကြောက်​နှင့်​၊ ငါ​သည် သင်​နှင့်အတူ​ရှိ​၏​။ မ​စိုးရိမ်​နှင့်​။ ငါ​သည် သင်​၏​ဘုရားသခင်​ဖြစ်​၏​။ အကယ်စင်စစ် သင့်​ကို ခိုင်ခံ့​စေ​မည်​။ သင့်​ကို ကူညီမစ​မည်​။ ငါ​၏​ဖြောင့်မတ်​သော​လက်ယာ​လက်​ဖြင့် သင့်​ကို ငါ​ထောက်မ​မည်​။


ဤ​သူ​ကား ငါ​ထောက်မ​သော ငါ့​အစေအပါး​၊ ငါ​ရွေးကောက်​သော​၊ ငါ​နှစ်သက်မြတ်နိုး​သော​သူ​ပင်တည်း​။ ငါ့​ဝိညာဉ်​ကို သူ့​အပေါ် တည်​စေ​ပြီ​။ သူ​သည် တရားမျှတမှု​ကို လူမျိုးတကာ​တို့​ထံသို့ ယူဆောင်​လာ​မည်​။


ထာဝရဘုရား​က “​နှစ်သက်​လက်ခံ​ဖွယ်​အချိန်​၌ သင့်​ကို​ငါ​ထူး​ပြီ​။ ကယ်တင်​ရာ​နေ့ရက်​၌ သင့်​ကို​ငါ​ကူညီမစ​ပြီ​။ သင်​သည် ပြည်​တော်​ကို ပြန်လည်​ထူထောင်​ရန်​၊ လူသူကင်းမဲ့​သော​အမွေ​ပြည်​ကို အမွေဆက်ခံ​ရန် ငါ​သည် သင့်​ကို ကာကွယ်​စောင့်ရှောက်​မည်​။ လူမျိုး​တော်​အတွက် ပဋိညာဉ်​ဖြစ်စေ​မည်​။


ငါ ထာဝရဘုရား​ကြောင့် သူ​တို့​သည် အားပြည့်​၍ ငါ့​နာမ​တော်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လိမ့်မည်​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ရှမွေလ​သည်​လည်း ဦးချို​ဆီဘူး​ကို ယူ​၍ သူ့​ညီအစ်ကို​တို့​အလယ်​တွင် သူ့​ကို ဘိသိက်ပေး​လေ​၏​။ ထို​နေ့​မှစ၍ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ဒါဝိဒ်​အပေါ် တည်​နေ​တော်မူ​၏​။ ရှမွေလ​လည်း ရာမ​မြို့​သို့ ပြန်သွား​လေ​၏​။